💙Ep~~~5💚

850 69 1
                                        

အခုဆိုသူနဲ့ကျွန်တော်နဲ့ညတိုင်းစာသင်လာတာ တစ်လရှိလာပြီ သူနဲ့ကအမြဲရန်ဖြစ်လိုက် စကားနိုင်လုလိုက်နဲ့ပါပဲ တခါတလေတော့
ကျွန်တော်တို့နှစ်ယောက်အပေးအယူတည့်တယ် အဲ့ဒါကဘာလို့ ထင်ကြသလဲ အဟွန်း....စာရရင် လိုချင်တာပေးမယ်လို့ပြောတဲ့နေ့ အဲ့ဒီနေ့တနေ့ပါပဲ သူနဲ့ကျွန်တော်တည့်တာ ချာတိတ်ကအဲ့ဒီလိုပါဆို
ဘာပဲပြောပြော ငြင်းခုံရင်းနဲ့ပဲ သူ့အကြောင်း
ကိုယ့်အကြောင်းတွေ တော်တော်သိလာရသလို မစိမ်းတော့ဘူးလို့လဲခံစားလာမိတယ်
အရင်ကမင်းနဲ့ငါနဲ့ပြောခဲ့တာပါ အခုတော့
ကိုယ်နဲ့မင်းလို့သုံးနေမိပြီ အဲ..ရန်ဖြစ်တဲ့အချိန်ဆို ကိုယ်ဆိုတာသုံးဖို့ကိုသတိမရဘူး မင်းနဲ့ငါပဲ
တခါတလေသူ့ကိုချာတိတ်လို့ခေါ်မိရင်လဲ သူစိတ်မဆိုးတော့ပါဘူး.အဲ့ဒါကြောင့် အခုနောက်ပိုင်း သူ့ကိုချာတိတ်လို့ပဲခေါ်ဖြစ်တော့တယ်

ဒီနေ့ကချာတိတ်တို့ကျောင်းမှာ လပတ်စာမေးပွဲရှိလို့
ကျောင်းကိုလာတဲ့တလျှောက်လုံး အာပေါက်မတတ်
တတွတ်တွတ်နဲ့ သူ့ကိုချော့ပြောလာရတာ သူမဖြေနိုင်ရင်ကျက်ထားသမျှအလကား
သူကသာမပူတာ ကျွန်တော်ကပူနေပြီလေ

Two—ချာတိတ် စာတွေသေချာရပါတယ်နော်
စာလုံးပေါင်းတွေသေချာစစ် အပုဒ်ရေပြန်စစ် ခုံနံပါတ်တွေရောနော်

Wishမှာဘေးနားကနေ တတွတ်တွတ်ပြောနေတဲ့
Twoကြောင့်.စိတ်တောင်ညစ်လာရတယ် အခုနောက်ပိုင်းဖေဖေ့အမိန့်ကြောင့်ရယ်
Twoကလဲစိတ်ရှည်စွာသင်ပြပေးမှုတွေကြောင့်
စာတွေကြိုစားပြီးလေ့လာနေပါပြီ သူ့အချိန်နဲ့သူစာလုပ်နေပါပြီ အခုဖြေမဲ့အခန်းတွေကိုလဲ ရသင့်သလောက်ရနေပါပြီ အဲ့ဒါကိုဘေးကနေ အဘိုးကြီးတယောက်လိုပြောနေတဲ့သူကြောင့်
စာမေးပွဲတောင်ဖြေချင်စိတ်ပေါက်လာတယ် စိတ်မရှည်တော့လို့

Wish—အာ...နားညည်းလိုက်တာဗျာ အဘိုးကြီးကျနေတာပဲ

Two—အောင်မယ်...ကိုယ်ကမင်းအတွက်
ပြောနေတာကွ.လူကိုများအဘိုးကြီးလေး ဘာလေးနဲ့ မင်းကလေစေတနာနဲ့ကို မတန်ဘူး

Wish—ဘာစေတနာလဲ မသိရင်ခက်မယ်
ဖေဖေ့ရှေ့မှာ.နာမည်ပျက်မှာစိုးလို့မလား ဟွင့်😏

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now