part 5(zawgyi +uni)

97.2K 8.3K 157
                                    

"အင်းးးး ”

ခေတ်နွေတစ်ယောက် အိစက်နေသော အိပ်ယာထက်၌ လူးလိမ့်၍ နိုးထလာသည်။

အင်း ငါတော်တော် အိပ်လိုက်တာပဲ အိစက်နေတဲ့မွေ့ယာထက်မှာ airconလေးနဲ့ဆိုတော့ ဇိမ်ကအပြည့်ပဲ။ အ့ာ ကျွတ်..ကျွတ် ပခုံးကမြှောက်လို့လဲမရဘူး နာလိုက်တာကွာ။ ဘယ်နှနာရီတွေထိုးနေပြီလဲမသိဘူး သူများအိမ်မှာ စောစောထမှဖြစ်မှာပါလေ။

အိပ်ယာကထ၍ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသွားလိုက်သည် ။ မျက်နှာသစ် သွားတိုက်ပြီးသည့်တိုင် စိတ်ထဲမှာ မတင်မကျဖြစ်နေသည်။ ကျွန်တော်က မနက်အိပ်ယာထတိုင်း ရေချိုးတတ်သည့် အကျင့်ရှိသည် ။ မချိုးရရင် တနေ့လုံး နုံးနေသလို မလန်းဆန်းပဲဖြစ်နေတတ်သည်က အကျင့်။ ရေချိုးရန် ဆုံးဖြတ်ပြီးမှ လက်ကဒဏ်ရာကြောင့် င်္အကျီချွတ်ဖို့ ခက်ခဲနေတာကြောင့် ဦးတိုးကို အကူညီတောင်းရန် အခန်းပြင်သို့အထွက်။

"သြော် ညီ အစောကြီးနိုးနေပါ့လား။ အခုမှ ၆နာရီပဲရှိသေးတယ်”

ညအိပ်ဝတ်စုံခဲရောင်ဖြင့် ဦးမာန်ရဲ့ ပုံမှာ အိပ်ယာထခါစပင်ဖြစ်သော် ​ခန့်ညားချောမောမှုကမကွယ်ပျောက်ပေ။ထို့နောက် ဦးမာန်၏အမေးကို ကျွန်တော်ပြုံး၍

"ဟုတ် ဦးမာန် ကျွန်တော်ကစောစောနိုးတတ်လို့ပါ။ ဦးမာန်လည်း နိုးနေတာပဲ”

ဦးမာန် ဟူသည့် နာမ်စားကို သုံးမိသည်မှာ သိပ်သဘောကျသည်။ ကိုယ်ကိုယ်တိုင်တောင် မသိဘဲ ပါးစပ်က ဦးမာန်ဟူပင်ထွက်သွားသည်ကို ကိုယ်တိုင်လည်း အံ့သြမိသည်။ အမှန်ဆို သူက ကိုယ့်ထက် အသက်သိပ်မကြီးလောက်ဘူးထင်ပါရဲ့။

"အင်း ဟုတ်တယ် ဒါနဲ့ ညီ မနက်စာစားတော့မလား”

"အာ မစားသေးပါဘူး ဟို..ကျွန်တော် ရေချိုးမလို့ ဦးတိုးကိုလိုက်ရှာနေတာ”

"သြော် ဦးတိုးက ခြံရှင်းနေတယ် ညီရဲ့။ ဒါလေးများ ကိုယ်ကူညီပေးလည်းဖြစ်ပါတယ်”

ပေါ့ပေါ့ပါးပါးပြောလိုက်တဲ့ သူ့စကားပေမယ့် ဘာကြောင့် ကျွန်တော့် စိတ်ထဲတစ်မျိုးဖြစ်သွားရတာလဲ။

Sugar Daddy (Completed)Where stories live. Discover now