စစ်ဗုံကြီးများ
အရာရှိများနှင့် တပ်သားများသည် တဖြည်းဖြည်းနှင့် စစ်ရေးလေ့ကျင့်ရာကွင်းသို့ စနစ်တကျရောက်ရှိလာကြ၏။ အမိန့်ကိုလိုက်နာခြင်းအနည်းငယ်မျှမရှိသကဲ့သို့ လေးနက်တည်ကြည်နေကြသည်။
စစ်ရေးလေ့ကျင့်ရာကွင်းမှာရှိနေသည့် အရာရှိများနှင့် တပ်သားများကို မြင်သောအခါ လင်းဖန်၏နှလုံးခုန်နှုန်းတွေမြန်လာသည်။
တပ်သားများကို မျက်စိတစ်ဆုံးအထိ သူမြင်နိုင်ပြီး ကြီးမားသောစတုရန်းပုံစံ တပ်သားအုပ်စုကြီးသုံးစုအဖြစ်သို့ ဖွဲ့စည်းထားတာကို တွေ့ရ၏။ အနည်းငယ်မျှပရမ်းပတာဖြစ်နေဖြင်းမရှိဘဲ စည်းစနစ်ကျလှသည်။ သူတို့၏ချပ်ဝတ်တန်ဆာများအပေါ် နေရောင်ခြည်ကျရောက်နေသည့်အတွက် တဖျတ်ဖျတ်တောက်ပသောအလင်းရောင်များ ရောင်ပြန်ဟပ်နေလာ၏။ ထိုတပ်ဖွဲ့ကြီးသုံးစုထံမှ မတူညီသောအရောင်သုံးရောင်ဖြင့် ရောင်ပြန်တောက်ပနေတာကို တွ့နေရသည်။
ဤတပ်သားများ၏ချပ်ဝတ်တန်ဆာများကို အရောင်သုံးရောင်ဖြင့် ခွဲခြားထား၏။ ကြေး၊ ငွေ၊ ရွှေ...
ရွှေရောင်သံချပ်ကာ တပ်သားများသည် အဆင့်အမြင့်ဆုံးဖြစ်ပြီး ကြေးရောင်သံချပ်ကာ တပ်သားများကတော့ အဆင့်အနိမ့်ဆုံးဖြစ်ပေသည်။ ထိုအခြင်းအရာကို မြင်ရုံမျှဖြင့် အကဲခတ်နိုင်၏။
သွမ့်တျန်းလန်၏ ချပ်ဝတ်တန်ဆာအရောင်သည် မည်းမှောင်နေပြီး နတ်ဆိုးတစ်ကောင်ပမာ အဆုံးအစမဲ့အေးစက်ခြင်းတွေနှင့် ပြည့်နေသည့်အလား ဖြစ်နေ၏။ သူ့ပုံစံက ကြောက်မက်ဖွယ်ကောင်းပြီး တည်ငြိမ်နေသည်။
“ ဒုန်း ဒုန်း ဒုန်း ”
တပ်သားများချီတက်နေကြသည့်အသံက လေထုထဲသို့လွင့်ပျံထွက်ပေါ်လာ၏။ ကြေးရောင်သံချပ်ကာတပ်သားများသည် စစ်ဗုံကြီးများကို မလာကြပြီးရှေ့သို့ချီတက်လာသည်။ စစ်ဗုံကြီးများသည် အလွန်တရာလေးလံသည့်အတွက် တစ်လုံးလျှင် ကြေးရောင်သံချပ်ကာတပ်သားလေးယောက် မ,ရ၏။
“ ဘုန်း ”
ကျယ်လောင်နက်ရှိုင်းသောအသံကြီးတစ်ခုက ပတ်ဝန်းကျင်သို့ ပျံနှံ့လာသည်။ ကြေးရောင်သံချပ်ကာတပ်သားများ၏ရှေ့ဆုံးအတန်းက စစ်ဗုံကြီးများကို ချလိုက်ပြီး အခြားတပ်သားများရှိရာသို့ လျှောက်သွားလေ၏။ ထို့နောက် ဒုတိယမြောက်အတန်းသည်လည်း အလားတူပြုလုပ်ခဲ့သည်။ မြေပြင်ကို ဗုံကြီးများထိခတ်သွားပြီး ကျယ်လောင်သောအသံထွက်ပေါ်လာကာ အနည်းငယ်တုန်လှုပ်သွားစေ၏။
