💙Ep~~~16💚

803 72 2
                                        

တလမ်းလုံးကားမောင်းခဲ့ရလို့ ပင်ပန်းစွာ
အိပ်ပျော်သွားခဲ့တဲ့ Twoတယောက် ခန္ဓာကိုယ်ကအားအင်ပြည့်သွားပြီမို့
အလိုအလျောက်နိုးထလာခဲ့ပါတော့တယ်
နိုးလာတာနဲ့ ခြေဆန့်လက်ဆန့်ပြီး အပျင်းကြောဆွဲလိုက်တော့ သူ့ဘယ်ဘက်လက်က တစုံတခုကိုသွားထိမိလိုက်တယ် ဘာပါလိမ့်ဆိုပြီး ကြည့်လိုက်မိတော့မှ သတိရသွားမိတယ်
ဟုတ်သားပဲ ငါချောင်းသာရောက်ပြီး
ချာတိတ်နဲ့အတူတူ တခန်းတည်းနေရတာကိုပေါ့ သူ့လက်နဲ့ထိမိတာကိုတောင်မနိုးလာတဲ့
ချာတိတ်ဘက်ကို Twoလဲသူ့ကိုယ်ကြီးကို
ဘေးစောင်းလိုက်ကာ ကလေးတယောက်လို
ဖြူစင်လွန်းတဲ့ ချာတိတ်အိပ်နေတာလေးကို ပြုံးပြုံးလေးကြည့်နေမိတယ် ရှေ့ဆံပင်လေးတွေက နဖူးပေါ်ဝဲဖြာကျနေတာလေးကိုက အသဲယားဖို့
ကောင်းသလို နှုတ်ခမ်းဖူးဖူးလေးတွေကလည်း
သဘာဝအတိုင်းရဲရဲစိုစိုလေး မျက်လုံးလေးကလည်း
ချစ်စရာလေး မျက်တောင်လေးကလဲ စိတ်စိတ်လေး
ချာတိတ်လေးရဲ့မျက်နှာပေါ်ကအစိတ်အပိုင်း
အားလုံးကိုတစိမ့်စိမ့်ကြည့်ရင်း စိတ်မထိန်းနိုင်တော့ပဲ သူ့လက်လေးနဲ့ချာတိတ်လေးရဲ့ပါးပြင်လေးပေါ်
ဖွဖွလေး အုပ်ကိုင်လိုက်ကာ လက်မလေးနဲ့ ညင်ညင်သာသာလေးပွတ်သပ်လိုက်မိတယ်

ဖွဖွလေးပွတ်နေမိတယ်ဆိုပေမဲ့လည်း
မျက်နှာကိုလာထိတွေ့မှုကြောင့် Wishလဲနှိုးတဝက် အိပ်တဝက်လို ဖြစ်နေမိလို့ မျက်လုံးကို
အတင်းအားယူကာ.ဖွင့်ကြည့်လိုက်မိတဲ့အခါမှာတော့ Twoနဲ့သူရဲ့ခန္ဓာကိုယ်ဟာ နီးနီးလေးမှ တကယ့်ကိုနီးနီးလေးပါပဲဗျ အလွန်ဆုံးကွာလှ ၁ပေလောက်ပေါ့ ပြီးတော့သူ့လက်တဖက်က
ကျွန်တော့်ပါးပေါ်မှာရောက်နေတာ
သူဘာလုပ်တာပါလိမ့် ပြီးတော့ အဓိကက သူ့မျက်လုံးအကြည့် သူ့မျက်လုံးအကြည့်တွေ
ကျွန်တော့်ကိုကြည့်နေတဲ့ သူ့မျက်လုံးတွေက
အချစ်တွေပါဝင်နေသလိုမျိုး ချိုမြိန်မှုတွေ
အပြည့်နဲ့လေ သူ့ရဲ့အကြည့်နဲ့အပြုအမူက အိပ်တဝက်နိုးတဝက်လိုဖြစ်နေတဲ့Wishကို
မျက်လုံးပြူးကျယ်စေတယ် နိုးလာခဲ့ပေမဲ့လဲ အံ့သြမှုကြောင့်မလှုပ်ရှားနိုင်ခဲ့ဘူးလေ
လူကသာမလှုပ်ရှားတာ ရင်ဘတ်ထဲကအကောင်က
ဝုန်းဒိုင်းကျဲကာ ဗြောင်းဆန်နေပြီ ရင်ခုန်သံတွေ
ကျယ်လွန်းလို့ Twoကြားသွားမှာကိုတောင် စိုးရိမ်မိတယ်လေ

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now