💙Ep~~~19💚

803 79 4
                                        

နောက်တနေ့မှာတော့ လတ်လတ်ဆတ်ဆတ်ပူပူနွေးနွေး
ချစ်သူနှစ်ယောက်ကတော့ သူငယ်ချင်းတွေနဲ့အတူတူ
အနီးအနားကကျွန်းတွေ ဈေးရောင်းတဲ့နေရာတွေ
ရွာထဲတွေကို လျှောက်လည်ကြပါတော့တယ်
မနက်ဖြန်ပြန်ကြတော့မယ်ဆိုတော့ ဒီညလေးမှာတော့
သောင်ပြင်မီးပုံပွဲလေးကျင်းပဖို့ရှိတာမို့ အားလုံးက
ပျော်ရွှင်နေကြတော့တာပေါ့ ချစ်သူနှစ်ဦးကတော့
အားလုံးထက်ပိုပျော်နေကြတာပေါ့ တနေကုန်
လျှောက်လည်ခဲ့တာမို့ ညနေစောင်းတော့ဟိုတယ်ကို
ပြန်လာကာ အနားယူကြပါတော့တယ်

Two-အားပါးပါး ညောင်းလိုက်တာကွာ ခုမှပဲ
အညောင်းဆန့်ရတော့တယ်

ကုတင်ပေါ်မှောက်အိပ်ပြီးပြောနေတဲ့ Twoကို
ကြည့်ပြီး Wishတယောက်ပြုံးနေပါတော့တယ် မပြုံးပဲနေမလား တနေကုန်Wishသွားချင်တဲ့
နေရာတွေကို မညီးမညူလိုက်ပို့ပေး နေရာလှလှလေးတွေရောက်ရင်လဲ
ကျွန်တော့်ကိုပုံလှလှလေးတွေရအောင်
ခက်ခက်ခဲခဲနဲ့ ပုံစံမျိုးစုံရိုက်ပေး ကျွန်တော်ကညောင်းတယ်ပြောရင်
ကုန်းပိုးပေးနဲ့ဆိုတော့ သူအရမ်းပင်ပန်းသွားရှာပြီလေ
ဒါပေမဲ့ မနက်ဖြန်ပြန်တော့မှာဆိုတော့
အချိန်ရတုန်းလေး ရေထဲဆင်းချင်သေးတာမို့ ကိုကြီးကိုဆွဲခေါ်ဖို့ အိပ်ရာနားကို
လျှောက်သွားလိုက်ပါတော့တယ် တကယ်ပါ ကိုကြီးကအရမ်းချစ်တတ်တဲ့သူတယောက်...

Wish-ကိုကြီး အိပ်မနေနဲ့လို့
ရေထဲဆင်းရအောင်ပါဆို

မှောက်အိပ်နေတဲ့ ကိုကြီးရဲ့လက်တဖက်ကိုဆွဲကာ
ရေထဲဆင်းဖို့အတင်းဆွဲခေါ်နေမိတယ်

Two-အမ် ရေထဲဆင်းဦးမလို့လား မညောင်းသေးဘူးလား ချာတိတ်ရယ် ကိုယ်တော့ညောင်းလိုက်တာ

Wish-နည်းနည်းတော့ညောင်းတာပေါ့
ဒါပေမဲ့မနက်ဖြန် ပြန်ရတော့မှာဆိုတော့ ရေထဲခဏဆင်းချင်သေးလို့ပါ
ဆင်းရအောင်နော် ကိုကြီး ဆင်းရအောင်လို့

Twoလဲသူ့လက်ကိုဆွဲကာ တတွတ်တွတ်ပူဆာနေတဲ့
ချာတိတ်လေးကိုကြည့်ပြီး ရယ်ချင်လာမိတယ်
ဟိုအရင်ကတော့ သူနဲ့တွေ့ရင် ပေစောင်းစောင်း
ဘုကြည့်ကြည့်ပြီး ရန်ထောင်နေတဲ့သူလေးက
အခုတော့ သူ့ကိုကလေးလေးတယောက်လို ချွဲနွဲ့နေတာကိုတွေ့တော့ အသဲတွေယားလာမိတယ်လေ ဒီလိုချစ်စရာကောင်းအောင် လုပ်ပြနေတာကို ဒီကကောင်ကငြင်းဆန်နိုင်ဦးမလားဗျာ
ပင်ပန်းနေလဲ ချာတိတ်လေးကိုအလိုလိုက်ရမှာပဲလေ

💙💚Two & Wish (ကိုယ့်ရဲ့ချာတိတ်)💚💙(Completed)Where stories live. Discover now