အခန်း (၇၁) ချီရှိုးကျဲ့ဘဝ

22.3K 2.3K 187
                                    

အခန်း (၇၁) ချီရှိုးကျဲ့ဘဝ

လီကျင်းထျန်းကျိုးယွင်​ရှန့်​အားအိပ်​ရာ​ပေါ်သို့ပစ်​တင်​ပြီး ကိုယ်​ကိုငုံ့ကိုင်​ကိုင်းလိုက်​သည်​ ထိုတစ်​ခဏမျက်​ဝန်းချင်းဆုံးပြီး​နောက်​ သူ​ကြောင်​အစွာ​ခေတ္တရပ်​သွား​လေသည်​။ ကျိုးယွင်​ရှန့်​သူ့ကိုနံ​ဘေးသို့တွန်းထုတ်​လိုက်​ကာ ကုတင်​စွန်းတွင်​ထိုင်​လိုက်​သည်​။

လီကျင်းထျန်း၏မျက်​လုံးများက​ရောက်​တည်​ရာရာမရှိ သို့​သော်​လှုပ်​ရှားမှုတို့ကရပ်​တန့်​မသွား​ပေ။ ခြုံ​စောင်​ကိုဆွဲဖြဲပြီးကိုက်​ဆွဲကာ ​တော်​သလင်း​ခွေးနှယ်​အကြမ်းပတမ်းပြုမှုရင်းငြီးငြူ​နေ​တော့သည်​။

ကျိုးယွင်​ရှန့်​ ပျင်းရိသည်​အထိထိုင်​ကြည့်​ပြီး​နောက်​နန်း​ဆောင်​အပြင်​သို့ထွက်​သွားလိုက်​သည်​။

လီရွှီသုန်းကနန်း​ဆောင်​အပြင်​မှာ​စောင့်​​နေပြီး လီကျင်းထျန်း၏​အော်​သံကြားချိန်​တွင်​ ဖိနပ်​ကြားမှဓား​မြှောင်​အားဆွဲထုတ်​လိုက်​သည်​။ သို့​ပေမယ့်​ရုတ်​တရက်​အ​ဆောင်​တံခါးပြန်​ပွင့်​လာပြီး ခမည်း​တော်​ဘာမှမဖြစ်​ဘဲပြန်​ထွက်​လာတာအြင်​​တော့မှ လီရွှီသုန်းမျက်​လုံးထဲမှ​သွေးဆာမှုများ​ပျောက်​ကွယ်​သွား​လေသည်​။

"ခမည်း​တော်​မင်းကြီးကထိခိုက်​​အောင်​လုပ်​လိုက်​​သေးလား''

ကျိုးယွင်​ရှန့်​ကပြန်​မ​ဖြေ လီရွှီသုန်းလက်​ထဲမှဓား​မြှောင်​၌သာအကြည့်​​ရောက်​​နေသည်​။ ''မင်းကဘာလုပ်​မလို့လဲ။နေ့ခင်း​ကြောင်​​တောင်​နန်းတွင်​ထဲ ဘုရင်​ကိုလုပ်​ကြံမလို့လား။ ​စောက်​ရူး... ငါမင်းကိုဘယ်​နှစ်​ခါ​ပြောရ...''

ကျိုးယွင်​ရှန့်​စကားကမဆုံးလိုက်​ ရုတ်​တရက်​ပစ်​ဝင်​လာသည့်​လီရွှီသုန်း​ကြောင့်​ရပ်​သွားရသည်​။ ဒီက​လေးဟာ၁၅သာရှိ​သေး​ပေမယ့်​လို့ လူ​ကောင်​ထွားပြီးအရပ်​ရှည်​တာ​ကြောင့်​ သူ့​မေး​စေ့ဟာကျိုးယွင်​ရှန့်​ပုခုံး​ပေါ်ပင်​​ရောက်​နှင့်​​နေပြီ။ကျိုးယွင်​ရှန့်​​ကောင်​က​လေးအား မတွန်းထုတ်​ရက်​ ဘာပဲ​ပြော​ပြော ဒီက​လေးကသူ​မွေးထားတဲ့သားမဟုတ်​လား။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now