Episode💚 Thirty-Four
Markbam🐰🐍
Zawgyi :::
"ခွန်ဖော့........ ခွန်ဖော့..."
အဖေ..အဖေဆိုကာ ဆံပင်ဂုတ်ဝဲလေးနဲ့ ကလေးမလေးက သူမဖခင်ဟုထင်ရသော လယ်ထဲ မြေနုတ်ပေါင်းသင်နေသူထံ လုံးနေအောင် ပြေးလာသည်။ပါးဖောင်းဖောင်းလေးတွေရှိနေပြီး ဆံပင်အလယ်နှစ်ဖက်ခွဲစည်ထားကာ ဂါဝန်အနီရောင်လေးဝတ်ဆင်ထားသည့် လုံးလုံးတစ်တစ် ကလေးမလေးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားသည့် ကိုရီးယားမင်းသမီးချောလေးဖြစ်သည်။
ကျောပိုးအိတ်လေးလွယ်ကာ အပြေးလာပုံအရ မူကြိုကျောင်းကပြန်ရောက်လာခြင်းခြင်း အဖေဆီ တန်းလာပုံရသည်။
"ခွန်ဖော့ခ..."
"ဟာ...? ခွန်ဖော့ရဲ့ မင်းသမီးလေးပါလား...လာပါအုံးဗျာ..."
မြေဆီလွှာရေလောင်းနေရင်း အမောပြေလေး ရောက်လာပြီမို့ ရေခရားကြီး ပစ်ချကာ သမီးလေးထံ ပြေးသွားသည်။လက်တွေဆန့်ထုတ်ထားပုံက ဖေဖေ့ကို ပြေးဖက်ပါအုံးဆိုသည့် သဘော။
"အာဘွား ပေးပါအုံးဗျာ.."
ပြေးဖက်တုန်းက ပြေးဖက်ကြပြီး အဖေကပွေ့ချီထားသည့်ထိ ငြိမ်နေပြီးမှ အမောပြေ အနမ်းလေးတောင်းခါကျမှ နှုတ်ခမ်းကြီး စူထွက်ပြီး မသိချင်ယောင်ဆောင်နေပုံကြောင့် သိလိုက်သည်။မင်းသမီးချောလေး စိတ်ကောက်နေပြီ။ကျောင်းလာမကြိုခြင်းကို စိတ်ကောက်နေပြီ ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
အလုပ်တွေအရမ်းပုံနေပြီမို့ သက်ကြီးရွယ်အို ဖိုးဖိုးနဲ့ဖွားဖွားကို မကူခိုင်းရက်ပဲ တစ်ယောက်တည်းပဲ လုပ်နေခြင်းအပေါ် ဒီနေ့အတွက် ကျောင်းကြိုဖို့ကို ပျက်ကွက်ခဲ့မိသည်။
"ချူချူအာ.. ချူကြိုင်နား ... ခွန်ဖော့မင်းသမီးလေးရေ...ခွန်ဖော့ သမီးချောလေးရေ...အမောပြေ အနမ်းလေးပေးပါအုံးနော်..."
"ပေးဝူး..."
"Chu Jai ehh! "
"ခွန်ဖော့က ချူချူကို ကျောင်းလည်း လာမကြိုဖူး..ချူချူက ခွန်ဖော့ကို မျှော်နေတာကို ..ခွန်ဖော့က ချူချူကို မချစ်တော့ဝူးမလား...? "
YOU ARE READING
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Fanfictionmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)