PART:31:: ကဗျာမဆန် ပန်းချီ မဟန်ခဲ့ပါသော်လည်း

24.7K 2.9K 51
                                    

...
Zawgyi +Unicode


"ခန့်ညားမောင် ပါ..''

နဂိုထဲကအပိုစကားမဆိုတတ်သူမလို့ ခပ်ပြတ်ပြတ်သာမိတ်ဆက်စကားဆိုရင်း..အတန်းထဲ.ဝင်ထိုင်ဖို့ ပြင်လိုက်သည်..။

ဒီကျောင်းကိုပြောင်းလည်းသူ့အကျင့်မပြောင်းသေးသ၍... မည်သူနဲ့မှ..လိုက်လျော..ညီထွေဖြစ်ဦးမည်မဟုတ်မှန်းသေချာသိပါသည်..။

"ဟား..နာမည်ကြီးက...ဘယ်လိုကြီး.....တောမင်းသားနာမည်..နဲ့..အိ..'

အသံပြဲပြဲနဲ့ထအော်လာသည့် ကောင်မလေး တစ်ယောက်..ခပ်စိုက်စိုက်လှည့်ကြည့်လိုက်တော့မှ သွားအဖြီသားချရင်း
ပြုံးပြနေသည်..။

မိန်းကလေးဖြစ်ပြီး..မျက်နှာပိုးကမသေ..Winkတောင်..ပေးနေသေး။

မှတ်ချက်ချခဲ့မိသည်က

ထောင့်မကျိုးသော..မိန်းကလေးဟူ၍...

စတွေ့ထဲက..သူမသည် အနှောင့်အယှက် ပေးခြင်းဖြင့်..သူ့အား..စတင်နိဒါန်းချီခဲ့လေသည်..။

"ငါ့နာမည်ကနှင်းသွေးခပါ...လှတယ်နော်နာမည်လေးက. လူလေးလိုပဲ..ဒါနဲ့နင်က
အရမ်းချစ်ဖို့ကောင်းတယ်Mangaထဲက.ကလေးလေးတွေလိုမျိုး... Aigoo...''

သူ့ ရှေ့မှာ..ထိုင်ပြီး ခုံပေါ်လက်နှစ်ဖက်ထောက်ကာ သေချာစိုက်ကြည့်နေသည့် ကျောင်းစကတ် အောက်မှာ အားကစားဘောင်းဘီကိုတစ်ထပ်ခံဝတ်ရင်း ပီကေ..တဝါးဝါးနဲ့ကောင်မလေးကို သူ..စိတ်ရှုပ်စွာ..မော့ကြည့်မိသည်.။

ခြေထောက်တစ်ဖက်က...နှဲ့နေသေး.. ။

ကျနော်သာ..သူ့မိဘဆို နားရင်းတွေချည်း..ပိတ်အုပ်မိမှာ..။ ဒါနဲ့
ခုနက..ထအော်တဲ့ဟာမလေးပဲမလား??

အမြဲမျက်နှာတည်တည်မေးရိုးချွန်ချွန်နဲ့ ယောက်ျား ဆန်သောမျက်နှာပေါက်ရှိသည့်
သူအား. ပထမဆုံး အကြိမ် ဘဝမှာ..ချစ်စရာကောင်းလိုက်တာဟူ၍ အပြောခံရခြင်း..

ဆိုးဝါးသည်က အူယားစဖွယ်...အကြည့်မျိုးပါကြည့်ခံနေခြင်း..။

"..နော်..သူငယ်ချင်းလုပ်ရအောင်လေနော်..''

"ငါက..သူငယ်ချင်းမထားတတ်ဘူး...''

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now