part 8(Zawgyi +uni)

87.3K 6.6K 125
                                    


ကျွန်တော်နာရီကြည့်လိုက်တော့ ၃နာရီရှိပြီမို့ သားအားကြိုရန် အောက်ထပ်သို့ဆင်းလာသည် ။

"ဦးမာန်ဘယ်သွားမို့လဲ"

TVကြည့်နေသည့်ခေတ်နွေကကျွန်တော်အားမြင်၍မေးခြင်းဖြစ်သည်။

"သားကိုသွားကြိုမလို့"

"အော် ဟုတ်ကဲ့ ကျွန်တော်...."

တခုခုပြောချင်နေချင်ဟန်ရှိသည့်သူ့အား

"အန်း ဆက်ပြောလေညီ"

"အာ ဘာမှဟုတ်တော့ပါဘူး ကောင်းကောင်းသွားပါခင်ဗျ"

ကျွန်တော်လဲဆက်မမေးဖြစ် သားကျောင်းနောက်ကျမှာဆိုး၍ခေါင်းငြိမ့်ပြ၍သာထွက်လာခဲ့သည်

ကျောင်းရောက်သော်.......

ကလေးပုစိများကြား ဦးထုပ်အနီလေးဖြင့် ထမင်းချိုင့်အပြာရောင်လေးဆွဲကာ ကျွန်တော့်အား ရှာနေသည့်
ပူကြူး လေးသည် အနီးတဝိုက်တွင့်လှည့်ပတ်ကြည့်ရာ
ကျွန်တော့်အားမြင်သွားမှ မျက်လုံးလေးဝိုင်းကာ ပြုံးရောင်လေးသန်းပြီးကျွန်တော့်အား ပေးဖက်လေသည်။

"Daddy; you late"

နှုတ်ခမ်းလေးဆူပြီး ပြောသည့် သားလေးကိုကျွန်တော် တကယ်ပင်ချစ်မဝ ။

" ကားတွေပိတ်နေလို့ပါ ပူကြူးလေးရ စိတ်မဆိုးနဲ့နော် daddy အိမ်ရောက်ရင် ပူတင်းလုပ်ကျွေးမယ်
do u like it baby"

"Yes"

Eng ကျောင်းထားသည်မို့ သားကငယ်ပေမဲ့ eng စာတော့ မွတ်နေတယ် ။ အင်း မျိုးရိုးကြောင့်လားမသိ။

"ကောင်းပါပြီ ကဲ ပြန်ကြရအောင်"

သားငယ်ရဲ့ ဆံပင်လေးများကိုအသဲယားစွာဖွပြီး အိမ်သို့မောင်းတော့သည်။

...............

"ဟာ ပူကြူးလေး ပြန်လာပြီလား"

ကားတံခါး ဖွင့်ကာ သားငယ်ကဆင်းသည်နှင့် ညီက အနားရောက်လာကာ သားရဲ့ပါးလေးအားဆွဲပြီးမေးသည်။

"ဟုတ်ကဲ့ ကိုကို"

"ညီ ဘာလို့ထွက်လာတာလဲ မိုးတွေရွာနေတာကို အခန်းထဲမှာမနေဘူး"

သား၏ လွယ်အိတ်နှင့် ထမင်းချိုင့်ခြင်းလေးသယ်၍မေးရသည်။ လူက နေသိပ်ကောင်းတာမဟုတ် ။ နေ့လည်ကပင် အဖျားငွေ့ငွေ့ရှိတာမို့ မိုးလေနဲ့ ဖျားမည်စိုး၍ ဆူမိသည်။နွေအကုန် မိုးအကူး ကာလမဟုတ်လား ။

Sugar Daddy (Completed)Where stories live. Discover now