Part.35::ကျူးလစ်ဖြူတွေစိုက်တဲ့သူ

28.7K 3.2K 364
                                    

Zawgyi+Unicode..

..


..

"ဒါ.. မဟုတ်သေးဘူးလေ.မဟုတ်ဘူးလေ ..''

ရင်ခွင်ထဲမှ ပွေ့ ထားသူဆီ
အသိစိတ်မဲ့စွာ တစ်လှမ်းချင်းတိုးလာသော ခန့် ညားရှိန်အား..မင်းသွေးခ..နားမလည်သလိုငေးကာ ကြည့်နေသည်..။

"မဟုတ်သေးဘူးလေ..ဒီလိုမျိုး အဆုံးသတ်ဖို့ ကိုယ်မင်းကိုလွှတ်ပေးခဲ့တာမှမဟုတ်ပဲမဟုတ် ပဲလေ စစ်ရယ်ဘာကြောင့် လဲ..
ဒီလိုအပြစ်ဒဏ်မျိုးပေးခဲ့ရတာလဲ..??''

ရေရွတ်နေသော..ခန့် ညားရှိန် သည် အသိစိတ်လွတ်နေသယောင်..

"သူလားမင်းပြောတဲ့..နာမည်တောင်မသိတဲ့သူကိုအရူးလိုချစ်နေတဲ့သူ ဆိုတာ..ဒီကလေးလား..''

သွေးရောပေမလို့ အနည်းငယ်စိမ်းဖန့်ဖန့်ရှိသောမျက်ဝန်းတစ်စုံမှာ..
မျက်ရည်ဥတို့ တွဲခိုလို့.ဆံပင်ဝါတွေကဂျုံရိုင်းပင်တွေ အရှိန်ပြင်းပြင်းလေတိုးသလို တဆတ်ဆတ်လှုပ်ခတ်နေခဲ့သည်..။

"မင်းဆီကိုပန်းမျိုးစေ့တွေကိုလာထားတတ်တဲ့ ကလေး..လေ..ငါ..သိခဲ့တယ် ဒီလိုအဆုံးသတ်မယ်ဆိုတာကြိုသိခဲ့တယ်..''

ရှေ့နောက်မညီသောစကားများ..သည် ခန့် ညားရှိန် ဆီမှ အစီစဉ်မကျ ထွက်ကျလာသည်။

သိတာပေါ့ သူသိခဲ့တာပေါ့..။

မင်းသွေးခ အတွက် ပဲ ဘဝကိုစတေးပစ်မယ့် အရူးလေးဆိုတာ..။သိလို့ပဲသူတားခဲ့တယ်..။သူဘယ်လောက်ထိ အပြင်းအထန်တားခဲ့လဲ..။

"မင်းသွေးခ က ကိုယ့်ညီကိုသတ်တဲ့ရန်သူ.မင်းသူ့ဆီသွားမယ်ဆိုရင်..ကိုယ်နဲ့ ရန်သူတွေဖြစ်ရလိမ့်မယ်..''

ဒီလိုစကားဆိုတောင်..တောင်းပန်တဲ့အကြည့်တစ်ချက်နဲ့သာထွက်သွားခဲ့တဲ့ ..အရူးလေး ။ပျော်ရဲ့လား စစ်..။

မင်းပျော်ရဲ့လား..။သူ သတ်မှတ်ထားသောနံပါတ်သုံးလို့ခေါ်နေခဲ့တဲ့မင်းဖြစ်တည်မှုကိုပျော်ရဲ့လား..။

ကိုယ့်ချစ်သူ ကိုယ်လက်နဲ့ပြန်သတ်ရတဲ့အဖြစ်မျိုးနဲ့ကိုယ့်ကို မင်းထားခဲ့တာရောပျော်ရဲ့လား...။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now