Zawgyi+Unicode
PART::36::စောင့်နေသူ....
.ဒဏ်ရာတွေနဲ့မေ့မျောနေတဲ့ကောင်လေးတစ်ယောက်ကို..လက်မောင်းဒဏ်ရာနဲ့ကောင်လေးတစ်ယောက်ကပွေ့ကာ ဆေးရုံထဲဝင်ချလာခဲ့တယ်..။
ခြေထောက်ကသွေးထွက်လွန်နေပေမယ့်သူ့ရင်ခွင်ထဲက ကောင်လေးကိုဘယ်သူ့ကိုမှ အထိမခံခဲ့ဘူး...။
အရေးပေါ်ကုသမှုတွေပြီးတဲ့အခါမှာ.ကောင်လေးရဲ့တောင်းဆိုမှုကြောင့်သူတို့နှစ်ယောက် ကိုဆေးရုံကုတင်ချင်း ကပ်လျက် ထားထားပေးလိုက်ရတယ်.။
"အပြင်ဒဏ်ရာတွေက အရမ်းကြီးမပြင်းထန်ပါဘူး..အားကပျက်နေတဲ့အပြင် နဂိုအစာအိမ်က
သိပ်မကောင်းတော့ အခုလိုကြာကြာအစာမစားတာတွေရောက အတော်အခြေအနေဆိုးသွားတယ်...ပြန်ကောင်းလာဖို့အတော်ကြာ စောင့်ရလိမ့်မယ်...''မေ့နေသေးတဲ့ကောင်လေးအတွက် ဆရာဝန်ပြောနေတဲ့ စကားတွေကို ဆံပင်ဖြူတွေနဲ့ကောင်လေးက ဘာစကားမှ ပြန်မဆိုဘဲငြိမ်သက်နေခဲ့တယ်..။
သူ့လက်နဲ့ခြေထောက်ကဒဏ်ရာတွေကိုဆေးထည့်ပေးချိန်မှာလဲ တစ်ဖက်ကုတင်ပေါ်က ကောင်လေးကိုပဲ ငေးကြည့်နေခဲ့တယ်..။
အရုပ်လေးကိုမြတ်နိုးတဲ့ကလေးငယ်တစ်ယောက်ရဲ့ဖြူစင်တဲ့အပြုံးနဲ့..
...
"ငါ အရမ်းပျော်တာပဲ...''
ကနေဒါရဲ့ နွေဦးရာသီလေးက တောက်ပနေတယ် ။
အစိမ်းနုရောင်လမ်းလေးပေါ်ပြေးလွှားနေတဲ့ ကလေးငယ်တွေ...
လွင်နေတဲ့အပြာရောင် ကောင်းကင်ကခိုဖြူလေးတွေ။
"မင်းဘေးမှာရှိရတာ သိပ်ပျော်စရာကောင်းတယ်''
ဆေးရုံကုတင်ထက်ပေါ်လှဲလျောင်းနေတဲ့ဆံပင်နက်နက်နဲ့ကောင်လေးကို နက်နက်ရှိုင်းရှိုင်း
ကြည့်ရင်း သူထပ်ဆိုမိပြန်တယ်..။"မင်း ဒီနှစ်ပိုင်းအတွင်းနိုးထလာလိမ့်မယ်လို့သူတို့ကပြောတယ် မင်းဒဏ်ရာတွေလည်း
ပျောက်သလောက်ရှိနေပြီ....မင်းပြန်လာမယ့်အချိန်စောင့်ရတာသိပ်ပျော်စရာကောင်းတယ်...''ပြတင်းပေါက်ကို လှမ်းငေးမိတော့..လွန်ခဲ့တဲ့အချိန်တွေတုန်းကကလေးတစ်ယောက်ကို သတိရမိတယ်...
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)