မင်းရှိသောအရပ် (final)

73.5K 5.2K 836
                                    

Zawgyi+Unicode..

....
ချစ်တယ်ဆိုတဲ့စကား ရှန်ဟတ်ဆီမှ နောင်ကြားချင်ခဲ့သည်မှာ အကြောင်းရင်းရှိသည် ။

ချစ်တယ်ဆိုတဲ့စကားကတစ်သတ်လုံး မှာ..တစ်ယောက်တည်းအတွက်ပဲသုံးခွင့်ရှိတဲ့ limited..စကားမျိုး...

ဒီစကားက အခြားသူတော့မဟုတ်ကျနော့်ချစ်သူ..သတ်မှတ်ခဲ့တဲ့ စိုင်းရှန်ဟတ် သူ့ ဘာသာခံယူထားတဲ့ ချစ်ခြင်းသဘောတရားတစ်ခုဖြစ်သည်..။

...

"မင်းကိုချစ်တယ်. ထာဝရအတွက်..ရည်ရွယ်ပြီးမင်းကိုချစ်ပါတယ်ကွာ..''

လူငယ်တစ်ယောက်နဲ့..ခပ်လှလှကောင်မလေးတစ်ယောက်..ပန်းစည်းလေးတစ်စည်းပေးရင်းလူငယ်ကရွှင်မြစွာ..ဆိုနေသည်..။

အဲနေ့ကသူ့အိမ်မှကျောင်းကိုလာကြိုမယ့်ကား လမ်းမှာဘီးပေါက်လိမ့်မယ်ဆိုပြီးအကြားအမြင်ပဲရသလိုလိုထွက်ရပ်ပဲပေါက်သလိုလို... ဘာလိုလိုဖြင့် နောင့်နောက်ကအတင်းလိုက်ပြီးကျောင်းကအပြန်..နောင်နဲ့..ရှန်ဟတ်က...

ထိုအတွဲနှင့် တည့်တည့်တိုးခြင်း။

လမ်းပေါ်ကလျှောက်နေသည်မလို့ဘေးကပလက်ဖောင်းပေါ်ကအချစ်ငှက်တွေကို အတိုင်းသားမြင်နေရသည်..။

"ကိုယ်မင်းကို..အသက်ထပ်ချစ်ပါတယ်''

"ငါ..ထထိုးလိုက်ရ..''

ရှန်ဟတ်စကားကြောင့်နောင်..မျက်လုံးပြူးမိသည်..။ဘယ်နှယ့်..သူများသမီးရည်းစားကိုမေတ္တာထိုင်ပို့ရပါသနည်း..??

"အဲမှာလေ..ချစ်တယ်ဆိုပြီးအဖြေတောင်းနေတာ..မကြားဘူးလား..စိတ်ပျက်စရာ ''

"ဒါဖြင့်..မုန်းတယ်ဆိုပြီး..အဖြေတောင်းတဲ့သူရှိလို့လား..''

ကျနော့်စကားကြောင့်..သူကသက်ပြင်းတစ်ချက်ချကာ..မျက်မှောင်ကြုတ်သည်။

"မင်းဟာလေ..သိပ်ကိုထုံအတာပဲငါပြမယ်..ကြည့်နေ''

ပြောပြောဆိုဆိုဖြင့်..လျှောက်သွားတာကြောင့်..နောက်မှအမြန်လိုက်ရသည်..။

"ခွပ်''

ဘာကိစ္စ သွားဆွဲထိုးတာတုန်း!!

"မင်းကဘယ်သူတုန်း''

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now