အခန်း ၂၀ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

6.8K 678 8
                                    

ရှောင်မန်းရှေ့မှာ သူမ အသည်းမာသလို နေခဲ့ပေမယ့် ရှောင်မန်းထွက်သွားပြီးနောက်မှာ သူမကားမောင်းပြီး လုကျင်းညန် ဆီသွားရမလား မသွားရမလားကို ချီတုံချတုံဖြစ်နေခဲ့သည်။

ရှီကျားမူသည် သူမအား တစ်ခါပြောခဲ့ဖူး၏ ။

လုကျင်းညန်သည် တောင်ပေါ်မြို့မြောက်ပိုင်းမှာ ကိုယ်ပိုင်အိမ်ရှိခဲ့သည်ကိုပင်။

လုကျင်းညန်သည် သူဖျားတိုင်း ဆေးကုရသည်ကို မုန်းပြီး အိမ်ထဲမှာပဲ နေခဲ့သည်ကို ချောင်အန်းဟောင်လည်း ရှီကျားမူထံကနေ သိခဲ့ရ၏ ။

သူ့အိမ်ဘယ်မှာလဲဆိုတာကို သေချာမသိခဲ့သော်လည်း ကံကိုယုံပြီး ဆူးပုံနင်းဖို့ ဆုံးဖြတ်လိုက်၏ ။

သူ့အိမ်ကို သွားနေသည့်လမ်းက ဆေးဆိုင်မှာရပ်ပြီး ဆေးဝင်ဝယ်လိုက်သည်။

သူ့အခြေအနေဘယ်လောက်ဆိုးလဲ သေချာမသိသည့်အတွက် အဖျားပျောက်ဆေးများဝယ်ခဲ့သည်။

ရှီကျားမူပြောပြခဲ့သော ရီ တောင်ကို သူမ မှတ်မိသည်။

ထို ရီ တောင်ရှိရာ GPS ဖွင့်ထားလိုက်ပြီး တကယ်တမ်းတွင် မြို့မြောက်ပိုင်းနှင့် နီးခဲ့သည်ကို သတိထားမိသည့်အခါ သူမ၏ စတီယာတိုင်ကို ဆွဲလိုက်တော့သည်။

ကံကောင်းထောက်မစွာ ရီတောင်သည် မကြီးဘဲ အိမ်တစ်လုံးသာရှိ၏ ။

သူမ နေ့ခင်း ၃ နာရီကနေစထွက်လာခဲ့ပြီး ဤနေရာကို ရောက်ချိန်၌ ညနေ ၅ နာရီရှိပြီ။

နေဝင်အမှီလေးဖြစ်၏ ။

နီညိုရောင် ရောင်ခြည်များသည် အိမ်တော်အား ဖြာကျနေပြီး ရဲတိုက်တစ်ခုပမာ ရှိနေ၏ ။

အလွန်လှပပြီး ခမ်းနားလွန်းသည်။

အိမ်တော်၏ ဂိတ်တံခါးဝသည် ပိတ်ထား၏ ။

ထို့ကြောင့် သူမ ခြံစည်းရိုးရိုးနိမ့်နိမ့်တစ်ခုပေါ်ကနေ ကျော်ခွတက်၏ ။

သူမ အိမ်တော်တံခါးခေါက်သော် အသံပြန်မလာပေ။

ပြတင်းပေါက်ကနေ ချောင်းကြည့်သော် လုကျင်းညန် အရိပ်အယောင်ကို မတွေ့ရ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now