အခန်း ၂၁ - မင်းကိုဘယ်သူဝင်ခွင့်ပေးလို့လဲ?

6.9K 706 24
                                    

သူမကုတင်နား ရောက်သည့်အခါ ခန္ဓာကိုယ်အနည်းငယ်လူပ်နေပြီး ခြေပစ်လက်ပစ်အိပ်နေသော သူ့ကိုတွေ့ရသည်။

မသိစိတ်၏ စေ့ဆော်မှုအရ သူ့နဖူးကို လက်ဖြင့်စမ်းလိုက်သည်။

သူ ကိုယ်အလွန်ပူနေ၏ ။

ထို့ကြောင့် သူမတံခါးခေါက်လည်း မနိုးသွားခဲ့သလို အခုသူမကိုယ်ပူစမ်းသော်လည်း သူမသိ။

သူ အဖျားကြောင့် သတိလစ်မျောနေခြင်း ဖြစ်မည်။

သူမ စောစောက ဝယ်ခဲ့သော အဖျားပျောက်ဆေးများကို ထုတ်၏ ။

ဆေးစာအညွှန်းအတိုင်း သူမဆေး ၂ လုံးထုတ်ပြီး အိပ်ရာထောင့်က ရေဘူးကိုယူလိုက်၏ ။

အားယူပြီး သူ့ကိုမလျက် သူ့ပါးစပ်ထဲ ဆေးလုံးများကို ထည့်ပေးသည်။

သူ အဖျားကြောင့် သတိလစ်နေခဲ့သည့်အတွက် ရေပင်မသောက်နိုင်ပါ။

သို့သော် ချောင်အန်းဟောင် ရေတိုက်သည့်အခါ သူထွေးထုတ်ခဲ့သည်။

သူမ နှစ်ကြိမ်ကြိုးစားတိုက်သော်လည်း သူ နှစ်ကြိမ်လုံးထွေးထုတ်၏ ။

သူ့ကိုယ်အပူချိန်ကြောင့် သူ့ခန္ဓာကိုယ်ဝန်းကျင်ရှိ လေများတောင်နွေးနေဆဲ ။

သူ ဆေးများကို ထွေးထုတ်နေသည့်အတွက် သူမကြောက်လာ၏ ။

ဆရာဝန်ခေါ်မည်ဆိုရင်တောင် သူတို့ဆီရောက်ဖို့ တစ်နာရီကြာမည်။

ချောင်အန်းဟောင် ရုတ်တရက် မှတ်မိသွားသည်က သူမငယ်စဉ် ဖျားခဲ့သောအချိန်တွင် သူမအမေကနေ သူမအဖျားကျစေရန် ရေခဲထုပ်ကပ်ပေးခဲ့သည်ကိုပင်။

ဆေး နှင့် ရေဘူးတို့ကို စားပွဲပေါ်တွင် တင်လိုက်ပြီး ရေခဲတုံးများယူရန် မီးဖိုချောင်ကို သွားခဲ့သည်။

ရေခဲသေတ္တာဖွင့်လိုက်သော် သဘာဝသတ္ထုဓာတ်ပါဝင်သည့် စမ်းရေ (mineral water) များသာတွေ့၏ ။

(A:N / ရေခဲရေဟုသာ ဘာသာပြန်လိုက်ပါမည်။)

ခဏကြာစဉ်းစားပြီးနောက် ထို ရေခဲရေကို ယူပြီး အပေါ်ထပ်ပြန်သွားသည်။

တဘက်ကို ရေခဲရေထဲ၌ နှစ်လိုက်ပြီး လုကျင်းညန် ရဲ့ နဖူးပေါ်ကပ်ပေးသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now