part 12(zawgyi +uni)

83.2K 7.4K 306
                                    

်လူတစ်ယောက်မှာ dark sides ဆိုတာ ရှိကြတယ်။ လူတွေဟာ အပေါ်ယံကြည်ပြီးသာ အဲ့ဒီ့လူကောင်းခြင်းဆိုးခြင်းကိုဝေဖန်သတ်မှတ်ကြတယ်။ ဒါပေမယ့် အဲ့လူရဲ့ dark sidesကိုမြင်သွားတဲ့တစ်နေ့ကျတော့ အဲ့လူဟာ လူကောင်းတစ်ယောက်မဟုတ်ပါဘူးဆိုပြီး သတ်မှတ်လိုက်ပြန်ပြီ။   

ကျွန်တော့်မှာလည်း အခု ကျွန်တော့်ရဲ့ dark sides ကိုချပြဖို့ အချိန်တန်ပြီ ။ လိုချင်ရင် ပေးဆပ်ရမှာ သဘာဝပဲ။ ဘယ်တတ်နိုင်မှာလဲ ကျွန်တော်က သူ့ကိုလိုချင်တာကို အဲ့တော့ ကျွန်တော့်ရဲ့ ဖုံးကွယ်ထားတဲ့အတွင်းစိတ်ကို ချပြပြီး သူ့ရဲ့ အမုန်းဖြစ်ဖြစ် နာကျည်းမှုဖြစ်ဖြစ် ဘာပဲဖစ်ဖစ် ပြန်ခံယူဖို့ အသင့်ပဲ။ သူ သိထားတဲ့ နေသစ်မာန်ဆိုတာက သဘောကောင်းတယ် ဖော်ရွေတယ် ဆက်ဆံရေးကောင်းမွန်တယ် ကိုယ်ချင်းစာစိတ်ရှိတယ်။ ဒါမဲ့ သူမသိသေးတဲ့ dark sides မှာ ကျွန်တော်ဟာ လိုချင်တာကိုရအောင်ယူတတ်တယ် ပြတ်သားတယ် လိုအပ်ချင်တာကိုရဖို့အတွက် ယုတ်မာတတ်တယ် သွေးအေးအေးနဲ့ လူတစ်ယောက်ဘဝကိုဖျက်ဆီးတတ်တယ် ဆိုတာပဲ။

လျှိုဝှက်ခန်းထဲတွင် နေသစ်မာန် သည် ဖန်စားပွဲကိုတတောက်တောက်ခေါက်၍ တိတ်ဆိတ်နေသည်။ သူ့ရုပ်အသွင်မှာ ပုံမှန်ထက်သွေးအေးတည်ငြိမ်နေသည်။

လက်ကနာရီကိုကြည့်လိုက်တော့ ၅နာရီထိုးပြီ ။ ဒီအချိန်ဆို အလင်းခေါ်သွားသော ခေတ်နွေ ပြန်ရောက်သင့်ပြီ။ ဆုံးဖြတ်ချက်တစ်ခုကိုအခိုင်မာချရင်း မျက်နှာထက် ကြောက်မက်ဖွယ် မဲ့ပြုံးဖြင့် နှုတ်ခမ်းတွန့်ရုံမှပြုံးလိုက်ပြီး အခန်းအပြင်သို့ထထွက်သွားတော့သည်။

"ဦးတိုး ညီ ပြန်ရောက်ပြီလား”

ညစာချက်နေသည့် ဦးတိုးကို နေသစ်မာန်မေးနေတာခြင်း။

"ဟုတ်ကဲ့ ခုနကပဲပြန်ရောက်နေပါပြီ အခန်းထဲမှာ သားငယ်လေးနဲ့ ဆော့နေလားမသိဘူး”

"သြော် အင်း”

နေသစ်မာန် ခေါင်းငြိမ့်ကာ သားအခန်းသို့ ဦးတည်လိုက်သည်။ အခန်းထဲရောက်တော့ ခေတ်နွေသည် ပူကြူးလေးဖြင့် အရုပ်ပုံကြားထဲတွင် ရယ်ကာ ဆော့နေသည်။

Sugar Daddy (Completed)Where stories live. Discover now