part 14(zawgyi +uni)

88K 8.1K 1K
                                    

မျက်စိနှစ်လုံးပွင့်ချင်း ကိုယ့်ချစ်ရသူရဲ့ မျက်နှာလေးကိုမြင်လိုက်ရတာဟာ ဘာနဲ့မှမလဲနိုင်တဲ့ ရင်ထဲကကြည်နူးမှုတစ်ခု။ ကျွန်တော့်ဘေးမှာ တစ်စောင်းအိပ်ပျော်နေတဲ့ ညီ့ရဲ့ မျက်နှာလေးကို ကျွန်တော်မျက်တောင်မခပ်ပဲ ကြည့်နေမိသည်။ လည်ပင်းနှင့်ရင်ဘတ်ပေါ်မှာလည်း ကျွန်တော့်အချစ်ရာတွေပြည့်နက်လို့။နှုတ်ခမ်းဖူးတို့ကလည်း ရဲထွေးနေလို့။ ဆံပင်ပျော့ပျော့လေးတွေကလည်း ပွရှုပ်လို့။ ဘယ်လိုမှကို အကြည့်မခွာနိုင်ပါ။ ကျွန်တော်သူ့အပေါ် ဒီလိုကျူးလွန်မိလို့ နောင်တရမယ်လို့ထင်လား။ အဟင်း ကျွန်တော် ဘယ်တော့မှ နောင်တမရဘူး ရှိန်းခေတ်နွေဆိုတာ ကျွန်တော့်အတွက် မွေးလာတာ ။ အဲ့လိုဖြစ်အောင် ကျွန်တော် ဖန်တီးမှာ။ သူ့အပေါ် တကယ် တောင်းပန်ချင်ပြီး အားနာတဲ့စိတ်လည်း နည်းနည်းမှ မဝင်မိ။ ဘာလို့လဲဆိုတော့ ကျွန်တော် ချစ်လို့။ ကျနော့်အချစ်တွေကိုယုံကြည်လို့။ သူ့ကို ချစ်မိသွားလို့။

တွေးမိငေးမိနေတုန်း ကလေးငယ်က အနည်းငယ်လှုပ်လာတော့မှ ကျွန်တော်ပြန်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။

............

ခေတ်နွေ နိုးလာတော့ မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် မြင်သွားရသည်က နေသစ်မာန်၏ အိပ်ပျော်နေသည့် မျက်နှာ။ ရုတ်တရက် အလန့်တကြား ထထိုင်မိတော့...ကိုယ်ပေါ်မှာ အဝတ်မကပ်သည်ကို သတိပြုမိသည်။ အခန်းအားမျက်စိကစားကြည့်ပြန်တော့ ညက အဖြစ်ပျက်များက ခေါင်းထဲဝင်လာသည်။ ဒါဆို သူ ညက......။ ထိပ်လန့်ဖွယ် အိမ်မက်ဆိုးကြီးတစ်ခုလို သူ၏ အဖြစ်ပျက်များကိုတွေးကာ ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်မိသည်။ အောက်ပိုင်းကလည်း ကပ်စေးစေးနှင့် အနံ့သက်များက သက်သေ။

ဒါ....ဒါ...ငါ..ညက မူးပြီး အိပ်မိတာလား။ ယောက်ျား တစ်ယောက်နဲ့လေ။ ငါဘယ်လို့ဖြစ်ပြီး...ဘယ်လိုဖြစ်ပြီး။ ညကအတိုင်းဆို ငါကသူ့ကိုအရင်စနမ်းတာ။ သူငါ့ကိုများ ဆေးခပ်ထားလေသလား။ အာ....ဦးမာန်က ဒီလိုလုပ်မယ့်သူလား ငါ့လိုလူကို။ မူးလာရင်သွေးဆိုးတတ်တဲ့ ငါ...ငါ..ကသာ....။ ပြီးတော့ သူလည်း...။ အခု ငါ ယောက်ျားမစစ်တော့ဘူးလား ငါ့ဘဝ ငါ့ဘဝက ယောက်ျားတစ်ယောက်စီမှာ ဒီလိုကြီး....။

Sugar Daddy (Completed)Where stories live. Discover now