မောင်..... သို့

48.1K 4.4K 341
                                    

စိတ်ဒိုင်ယာရီ ။

ငါမောင့်ကို မေ့ပစ်မယ် ။ ချစ်နေသေးတယ်ဆိုရင်တောင် ကြိုးစားပြီးမေ့ပစ်မယ် ။မောင့်ခြေလှမ်းတွေကိုသိခဲ့ပေမယ့် အဆုံးထိ မောင်ငါ့တစ်ယောက်တည်းကိုပဲ ချစ်လိမ့်မယ်လို့ယုံကြည်ခဲ့ဖူးတယ် ။ မောင့်မှာငါမဟုတ်တဲ့ တခြားမိန်းကလေးရှိနေရင်တောင် ခဏတာစိတ်ကစားပြီး နောက်ဆုံးငါ့တစ်ယောက်တည်းကိုပဲချစ်နေမှာလို့ ရူးရူးမိုက်မိုက်တွေးဖူးတယ် ။ မောင်သိလား ....... ငါလေမောင့်ကို ငါ့အသက်ထက်ချစ်တယ် ။ လျှာရိုးမရှိတိုင်း ပြောတဲ့စကားမဟုတ်ဘူး မောင် ။ မောင့်အတွက်ဆို သေပေးဖို့အထိ ရူးမိုက်ခဲ့တာပါ ။

ဒါပေမယ့် ......မောင်က ပြောင်းလဲသွားခဲ့တယ် ။ ငါမဟုတ်တဲ့ တခြားမိန်းမတစ်ယောက်ကိုလှတယ်လို့ မြင်လာတယ် ။ သူ့ကို ချစ်ကြည့်ချင်လာတယ် ။ ငါလေမောင့်ကိုနှမြောတယ် ။ လက်လွှတ်ဆုံးရူံးရမှာကိုကြောက်တယ် ။ ဒါပေမယ့် အချစ်တွေကို ခွဲဝေပေးဖို့အထိ ငါသဘောထားမကြီးချင်ဘူး ။ အသက်ထက်ချစ်တယ်ဆိုတာက အခြားမိန်းမတစ်ယောက်နဲ့ မျှဝေချစ်ပေးနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး ။

အရာအားလုံးကိုသည်းခံနေခဲ့ပေမယ့် လက်တွေ့မှာငါတကယ်ကိုခံပြင်းဒေါသထွက်နေခဲ့မိတယ် ။ ငါယုံကြည်ထားတဲ့အရာတစ်ခုက မှားယွင်းနေတယ်ဆိုတာကိုသိလိုက်ရတုန်းက ငါ့ရဲ့ကမ္ဘာကြီးပျက်စီးသွားသလိုတောင်ခံစားခဲ့ရတာ ။ ငါဟာတစ်နေ့မှာသေချာပေါက်စွန့်ပစ်ခံရမယ့်လူဆိုတာကို လက်မခံနိုင်လို့ အဲ့ဒီစိတ်နဲ့ပဲခံပြင်းစွာနဲ့ မောင့်ကိုဆွဲထားဖို့ကြိုးစားခဲ့မိတယ် ။ ငါရဲ့တွက်ချက်နည်းမှားသွားတယ် ။ မောင်ကဘယ်တော့မှပြောင်းလဲလာတော့မှာမဟုတ်ဘူး ။ မောင့်ရဲ့မပြတ်မသားပုံစံက ငါ့ရင်ကိုအကြိမ်ကြိမ်ဓားနဲ့ခွဲသလို ခံစားရမှန်းသိလာတော့ သေချာသွားတယ် ၊ ငါ့မှာမောင့်ကိုစွန့်လွှတ်ဖို့ကလွဲပြီးတခြားနည်းလမ်းမရှိတော့ဘူး ။

မောင်မသွားရင် ငါသွားမယ် ။ မောင့်အဝေးကို တကယ်ထွက်သွားမယ် ။ မောင်နဲ့ပက်သက်တဲ့ သူငယ်ချင်းတွေနဲ့လည်း အဆက်သွယ်ဖြတ်မယ် ။ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေကိုလည်း အကုန်ဖျက်ပစ်မယ် ။ ပြောခဲ့ဖူးတဲ့ conversation တွေကိုလည်း delete လုပ်ပစ်မယ် ။ မောင်ပေးခဲ့တဲ့ မျှော်လင့်ချက်တွေကိုလည်း ဖန်ပုလင်းတစ်လုံးထဲထည့်ပြီး ချောင်းရေနဲ့အတူမျှောပစ်မယ် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now