ep 15

56K 4.5K 314
                                    

ကလေး စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့ ခိုင်မြဲ သူ့အခန်းထဲ ပြန်သွားပြီး အနားယူခဲ့သည် ။ ချက်ချင်းအိပ်မရတာကြောင့် အချိန်အကြာကြီး ကလေးအကြောင်းတွေးနေခဲ့သည် ။ နာရီကိုကြည့်လိုက်တော့ မနက် ၃ နာရီတောင် ထိုးတော့မည် ။ အိပ်ပျော်သွားမှာစိုးလို့ ကော်ဖီတစ်ခွက်ထဖျော်ရင်း ရောက်တတ်ရာရာတွေးကာ ဖုန်းဖွင့်ကြည့်လိုက်သည် ။

၁ နှစ်ကျော်ကြာမှ ပြန်မြင်ရတဲ့ ကလေးရဲ့ မျက်နှာပြည့်ပြည့်ဖြိုးဖြိုးလေးကြောင့် သူ့နှလုံးခုန်သံဟာ လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတိုင်းပဲ ။ အဲ့ဒီအချိန်တွေကို ပြန်လွမ်းလိုက်တာ ။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့နောက်ကို လွယ်အိတ်လေးလွယ်ပြီး တကောက်ကောက်လိုက်ခဲ့တဲ့ အထက်တန်းကျောင်းက သူ့ရဲ့ငယ်ဘ၀ကိုပြန်စဉ်းစားမိတော့ သူ ပြုံးမိသွားသည် ။ အဲ့တုန်းက ရွှေမင်းသားလေးရဲ့ အချေသတင်းကလည်း သိပ်ကြီးတာ ။ အပေါင်းသင်းနည်းပြီး တစ်ယောက်တည်းနေတတ်တဲ့ ကလေးရဲ့ဘ၀ထဲကို သူ တဇွတ်ထိုးတဇောက်ကန်းဝင်ရောက်ပြီး ငြိမ်သက်နေတဲ့ကန်ရေပြင်ကို လှိုင်းထအောင် ကျောက်ခဲနဲ့ အကြိမ်ပေါင်းမနည်း သူ ပစ်ခဲ့တာလေ ။

မချစ်တတ်ခင်တုန်းက ကလေးက သိပ်ပြီးသွေးအေးတယ် ။ အသဲနှလုံးမရှိတဲ့ လူစားလို့တောင် ထင်ခဲ့တာ ။ ငါ ယောကျာ်းတွေကို သဘောမကျဘူးဆိုပြီး သူ့နောက်တကောက်ကောက်လိုက်ခဲ့တဲ့ ခိုင်မြဲကို နည်းနည်းလေးတောင် လှည့်မကြည့်ခဲ့ဘူး ။ အဲ့တုန်းက ကလေးမှာ ချစ်သူကောင်မလေးရှိတယ် ။ ချစ်သူကောင်မလေးထက် ဒိတ်လုပ်ဖို့ကြိုးစားနေတဲ့သူလို့ပြောရမလား ။ ယောကျာ်းလေးဖြစ်တဲ့သူကတောင် ကလေးကို အသေရရ အရှင်ရရ လိုချင်ခဲ့သေးတာ ၊ ရုပ်ချောပြီး ထက်မြက်တဲ့ကလေးကို မိန်းကလေးတွေ သဘောကျကြတာ မဆန်းပါဘူး ။

ကလေး ကောင်မလေးတစ်ယောက်နဲ့ ရုပ်ရှင်တူတူသွားကြည့်ပြီး ဒိတ်လုပ်မယ်လို့ကြားတော့ သူ အရူးလိုပဲ ကလေးနောက်ကို လိုက်ပြီး ပွဲဖျက်ခဲ့ဖူးတယ် ။ သူတို့အတူ မုန့်အတူသွားစားရင် သူက နှစ်ယောက်ကြားဝင်ထိုင်ကာ သာသနာဖျက်ဖူးတယ် ။ အဲ့မိန်းကလေးက အကြောင်းရင်းမသိလို့ခိုင်မြဲကို ရာပြည့်ရဲ့ညီငယ်ပဲထင်ပြီး သူ့အကိုဒိတ်လုပ်တာကို မကြိုက်လို့ ထင်ကြပေမယ့် အကြောင်းသိ ရာပြည့်ကတော့ ဒိတ်လုပ်ရမှာကိုတောင် လန့်တဲ့အထိ ဖြစ်ဖူးခဲ့သည် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now