ခွန်းသော်နဲ့ နှစ်ယောက်ထဲ တူတူပြန်ရမည်
ဆိုတော့ အသူရာ ဝမ်းသာလုံးဆို့ လေပြီ။
ခရီးထွက်လာတဲ့ သုံးရက်အတွင်းမှာ
ဘာကြောင့်ရယ်မသိ၊ ခွန်းသော်ကို
ပစ်ကြွေသွားမိတာ။သူနဲ့ ရှိနေရတာ၊ ပျော်သလို၊
သူပြောတဲ့ အရမ်းချိုတဲ့ စကားလေးတွေကို
နားထောင်ရတာ သဘောကျသည်လေ။ကားမောင်းနေသော သူ့အား အသူရာ ၊
ခိုးခိုး ကြည့်နေမိသည်။တစ်ရက်မှာ ခွန်းသော်ရဲ့ ဆံပင်ကို ကိုင်ခွင့်ရမည့်
လူများဖြစ်ခဲ့လျှင်။ ခွန်းသော်ရေးတဲ့ သီချင်းလေးကို
နားထောင်ခွင့်ရတဲ့ လူများ ဖြစ်ခဲ့လျှင်
ဘယ်လောက်ကောင်းလိုက်မည်လည်း။"ခွန်းသော်...."
"ဟင်...?"
သူက အသူရာ့အား လှည့်မကြည့်သော်လည်း၊
ထူးတော့ ထူးရှာပါသည်။"ဒီကပြန်သွားရင်ရော၊
အသူရာတို့ တွေ့ခွင့်ရဦးမှာလား..?""အင်း... အိမ်လာခဲ့လေ...."
သူက ပြီးပြီးရော ပြောလိုက်သော စကားလား
မသိပေမယ့် အသူရာ ပျော်သွားမိသည်။"တကယ်နော်...၊
အိမ်လာရင် ထွက်တွေ့မှာလား..?""အင်း...."
အသူရာ ပြုံးလိုက်မိသည်။
နှစ်ယောက်ထဲရှိနေသည့် ရှားပါးလှသည့်
အချိန်ကာလတွင် စကားတွေ
အများကြီးပြောလိုက်ချင်သည်။သို့သော် သူက စကားနည်းတာကြောင့်
အသူရာ တစ်ခွန်းမေးလျှင် တစ်ခွန်းသာ ဖြေပြီး၊
ရှေ့ကို မရောက်တော့...။အသူရာလဲ ဘာဆက်ပြောရမှန်း
မသိတော့တာကြောင့် ခဏ ငြိမ်နေလိုက်ရင်း၊"ဟိုလေ.. ဖုန်းနံပါတ်လေးပေးထားပါလားဟင်..?"
"ဟင်...?"
အသူရာ သူ့ဘေးတွင် ချထားသော ဖုန်းအား
ယူလိုက်ရင်း.."အသူရာ့ ဖုန်းကို ခေါ်လိုက်မယ်နော်....
ဟို လက်ဗွေ..."ကားမောင်းနေသူကို နှောက်ယှက်သလို ဖြစ်မှာ
စိုးသော်လည်း၊သူ့ ဖုန်းအားထိုးပေးပြီး
လက်ဗွေနှိပ်ဖို့ ပေးတော့ သူ့ လက်တစ်ဖက်က
ဖုန်းပေါ်ကျလာကာ အသူရာ့ကို
အသာတကြည်ပဲ ဖွင့်ပေးလိုက်သည်။
YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်