ep 18

50.7K 4.5K 408
                                    


ဒီနေ့က ခိုင်မြဲရဲ့ အလုပ်သစ်မှာ ပထမဦးဆုံး အလုပ်ဆင်းရမယ့်နေ့ဆိုတော့ သူ့ရဲ့ဝတ်စုံကို ပြင်ဆင်ရင်း မှန်ရှေ့ရပ်လိုက်သည် ။ သူ ကောင်းကောင်းမှတ်မိနေသေးသည် ။ ဟိုအရင် ၃ နှစ်ကျော်က သူ့ရဲ့ပထမဆုံးအလုပ်ဆင်းသောနေ့တွင် ကလေးကိုယ်တိုင် သူ့ဝတ်စုံကို မီးပူတိုက်ပြီး ပြင်ပေးခဲ့တာ ။ ဟိုအရင်က အမှုမဲ့အမှတ်မဲ့ဖြစ်စေခဲ့သောအကြောင်းအရာသည် ယခုချိန်တွင် အကြီးအကျယ်ပြန်လိုအပ်နေသော အကြောင်းအရာတစ်ခုဖြစ်လာသည် ။ သူသာ အမှားတွေကို ဆက်တိုက်မလုပ်ခဲ့ရင် ခုနေ သူ့ရဲ့ဝတ်စုံကို ပြင်ဆင်ပေးသူက ကလေးဖြစ်နေမယ်ထင်မိသည် ။

ပထမဦးဆုံး အလုပ်ဝင်တဲ့နေ့မလို့ နောက်မကျရလေအောင် တမင်စောထွက်ခဲ့သည် ။ သာမာန်ဝန်ထမ်း တစ်ယောက်အနေနဲ့ လစာအရမ်းမများပေမယ့် အတန်သင့်ရသည်မို့ ဒီအလုပ်ကိုလက်ခံခဲ့သည် ။ ဒီကုမ္ပဏီက ထိပ်သီးကုမ္ပဏီကြီးတော့မဟုတ် ၊ သို့သော်ငြား သူ့အတွက်အဆင်ပြေသည် ။ ဟိုအရင်ကျောင်းပြီးကာစက ကုမ္ပဏီကြီးမှ ၊ လစာများမှဆိုပြီး သူ ကြေးများခဲ့ဖူးပေမယ့် အခုက သူ့အတွက်သင့်တော်တဲ့အလုပ်ဆိုရင်တောင် သူ ကျေကျေနပ်နပ်လက်ခံပြီး လုပ်တော့မည် ။

ပထမဦးဆုံးရုံးတက်တာမလို့ နည်းနည်းတော့ အူကြောင်ကြားဖြစ်ကာ ဘယ်ကို အရင်သွားရမှန်း မသိဖြစ်သွား၏ ။ ကံကောင်းတာတစ်ခုက သူနဲ့အတူ နောက်ထပ်ဝန်ထမ်းအသစ် ၂ယောက်ပါ ပါသည်မို့ သုံးယောက်သား ယောင်လည်လည်နဲ့ အပေါ်တက်ခဲ့လိုက်သည် ။ သူတို့ကိုမြင်တော့ သူတို့ထက်အသက်ကြီးတဲ့ အမျိုးသားတစ်ဦးက လာရောက်ခေါ်ဆောင်ပြီး ထိုင်ဖို့နေရာ ချပေးသည် ။

သူ့ရဲ့ကိုယ်ပိုင် စားပွဲခုံပေါ်မှာ Computer တစ်လုံးရယ် ၊ လိုအပ်တဲ့ ပစ္စည်းအနည်းငယ်ရယ် တင်ထားပြီး နောက်ထပ်လိုအပ်တဲ့ ပစ္စည်းရှိရင် ဘယ်သူ့ဆီသွားထုတ်ပါလို့ ညွန်ပြီး ထိုသူပြန်ထွက်သွားသည် ။ ၉ နာရီရုံးတက်ချိန်ရောက်တော့ လူစုံပြီးမလို့ အချင်းချင်းမိတ်ဆက်ကြကာ သူလုပ်ရမည့်တာဝန်များကို ခွဲဝေပေးသည် ။ အလုပ်သစ်မလို့ စိတ်နည်းနည်းကျဉ်းကျပ်သော်လည်း အဆင်ပြေပါသည် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now