အခန်း ၃၂ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

5.9K 603 5
                                    


သူမ ထိုသို့တွေးမိပေမဲ့၊ ချောင်ဟန်းဟောင် မျက်နှာမှာပြုံးထားဆဲ။

ဆရာဆန်း နှင့်လက်ဆွဲ နှုတ်ဆက်ရင်းသူမ ဆက်ဟန်ဆောင်နေလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် ဆရာဆန်း၊ အခု..ရှီရီကချီးကျူးလွန်းနေတာပါ။

ကျွန်မအများကြီးသင်ယူလေ့လာရ ပါဦးမယ်။ရှီရီ က ဆရာအလုပ်မှာထူးချွန်ကြောင်း၊ ကျင့်ဝတ်ရှိကြောင်းတွေပြောဖူးပါတယ်။"

ဒီလိုစကားတွေနဲ့ အမှတ်ရအောင်တော့ ချောင်အန်းဟောင်လုပ်တတ်၏။

ထုတ်လုပ်သူ ဆန်း က သူမ ၏စကားလုံးတွေကြောင့် ကျေနပ်ပြီးပြုံးသွားသည်။

သူမကိုကြည့်ပြီးနောက် သူ့မျက်လုံးတွင်လဲ အရောင်တစ်ချက်လက်သွား၏။

အနုပညာလုပ်ငန်းမှာ ချောတဲ့လှတဲ့လူတွေ အများကြီးတူတူစုနေကြသည် ။

နည်းနည်းဂရုစိုက်ကြည့်မယ်ဆို တစ်ယောက်နဲ့တစ်ယောက်ကတူတူလိုပါပဲ၊ ဖန်တီးယူထားကြသည့်အလှတွေနှင့်။

ဒါပေမဲ့ ဆန်းရဲ့ အရှေ့မှာရပ်နေသည့် အမျိုးသမီးကတော့ ထူးခြားပေသည်။

သူမမှာ ပင်ကိုအလှ ရှိပြီးနူးညံ့သိမ်မွေ၏။

လက်ဆတ်သည့် လေညင်းလေးလိုခံစားရသည်။

သူမဘေးမှာရပ်နေသူက လင်ရှီရီ၊ မျက်နှာမှာတော့တောက်ပစွာ ပြုံးနေသည်။

သို့ပေမဲ့ သူမ ချောင်အန်းဟောင် ကို ကြည့်တဲ့အကြည့်တွေက အေးစက်တဲ့အငွေ့အသက်တွေပါဝင်နေသည်။

သူမ ထုတ်လုပ်သူ ဆန်း နှင့်မိတ်ဆက်ပြီးနောက် အဖွဲ့သားတော်တော်များများရောက်လာကြလေပြီ။

ထုတ်လုပ်သူ က ချောင်အန်းဟောင်၏ ဘေးတွင်နေရာယူလိုက်သည်။

လူတွေအားလုံးကိုယ့်နေရာကိုယ်ယူလိုက်ကြသည်။

ချောင်အန်းဟောင်၏ရှေ့တည့်တည့် လေးခုံကတော့ နေရာလွတ်နေသည်။

"ဘယ်သူတွေများ မရောက်သေးပါလိမ့်"

သူမ စားပွဲတွေကိုလိုက် ကြည့်နေတုန်းမှာ ပဲ ခန်းမ တံခါးမှ လူသုံးယောက်ဝင်လာသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now