အခန်း ၃၃ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

6.2K 633 16
                                    


ချောင်အန်းဟောင်တောင် စိတ်လူပ်ရှားခဲ့သည်။

ရုပ်ရှင်ထဲတွင် ဒုတိယဇာတ်လိုက် မင်းသမီးနဲ့ ဒုတိယဇာတ်လိုက်မင်းသားတို့ အတူတူတွဲသရုက်တောင်ရသည့် အခန်းများစွာပါဝင်လေသည်။

သို့သော် ယခုတွင်မူ သူဘယ်သူလဲဆိုတာ သူမ မသိချေ။

စိတ်ဝင်စားနေကြသည့် မျက်နှာများကို ကြည့်ရင်း ထုတ်လုပ်သူမှာ အဖြေကို အထူးအဆန်း ထုတ်ဖော်ပြောကြလို၏ ။

ထိုအချိန်မှာတင် ခန်းမရဲ့ တံခါးများဟာ နောက်တစ်ကြိမ် ပွင့်သွားသည်။

လူအားလုံး နောက်ဘက်ကို လှည့်ကြည့်လိုက်ကြသည်။

ထုတ်လုပ်သူ ဆန်းဟာ သူပြောမည့်စကားများကို တံတွေးမြိုချလိုက်ပြီး ချက်ချင်းထလိုက်၏ ။

သူ့လူပ်ရှားမှုကို သတိပြုမိကြပြီးနောက် စားပွဲတစ်ခုလုံးရှိ လူများသည် တံခါးဆီသို့ ကြည့်လိုက်ကြ၏ ။

ထုတ်လုပ်သူ ဆန်းဟာ တက်တက်ကြွကြွဖြင့် ပြုံးပြခဲ့သည်။

" ဆရာ လု နောက်ဆုံးတော့ ရောက်လာပြီပဲ! ကြွပါ... ကြွပါ...ဒီမှာထိုင်ပါ ခင်ဗျာ "

တစ်ခြားသူများကဲ့သို့ ချောင်အန်းဟောင်လည်း တံခါးဆီသို့ လှည့်ကြည့်လိုက်သည်။

သူမ တစ်ဝက်နောက်လှည့်ကြည့်လိုက်စဉ်မှာတင် ဆရာဆန်းရဲ့ စကားများကို ကြားခဲ့သည်။

သူမ အကြီးအကျယ် တုန်လူပ်သွားတော့၏ ။

သူ့စကားများကို အတိုချုပ်မမှတ်သားနိုင်ခင်မှာပဲ လုကျင်းညန် သူမ၏ မြင်ကွင်းတွင်း ရောက်ရှိလာလေသည်။

လူအုပ်ကြီးသည် စိတ်လူပ်တရှားဖြင့် သက်ပြင်းချလိုက်ချသော အသံများ၊ ဇဝေဇဝါဖြစ်ဖြစ်သွားကြ၍ အသံတိုးတိုးဖြင့် စကားပြောနေကြသော အသံအားလုံးကို ချောင်အန်းဟောင် ကြားနေရသည်။

" ရုပ်ရှင်ဘုရင်ကြီးက ဒုတိယဇာတ်လိုက်တဲ့လား?"

" အို...ဘုရားသခင်...သတင်းက တကယ်ကြီးမထွက်ခဲ့တာပဲ...ဒါ က တကယ့်သတင်းကြီးပဲ! Weibo တစ်ခုလုံး အုံးအုံးကြွကြွဖြစ်တော့မှာကို ငါကျိန်းသေပြောရဲတယ်! "

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now