Extra 2

60.9K 3.9K 366
                                    

ခန်းခန်းနားနားနဲ့ ၀င့်ထည်နေတဲ့ စွဲညို့ အိမ်ကြီးရဲ့ လေသာဆောင်မှာ ဘိုးတော်ဘုရားလက်ထက်က အသုံးပြုခဲ့တဲ့ အရောင်ပြန်တင်ထားတဲ့ ခုံတန်းရှည်ကြီးတစ်ခုရှိသည် ။ ဘိုးတော်ဘုရားလက်ထက်ကဆိုတာ အလွန်အကြူးပြောဆိုထားတာပါ ။ တကယ်တမ်းတော့ ခေါင်းမိုးထပ်မှာ ချမ်းနေခဲ့တုန်းက သူတို့အသုံးပြုခဲ့တဲ့ အိမ်ရှေ့က ခုံတန်းရှည်လေးပါ ။ ချမ်းရဲ့ သစ္စာတရားက သက်ရှိပေါ်မှာတင်မက သက်မဲ့ပစ္စည်းတွေပေါ်မှာပါ အရမ်းကိုကြီးမားလွန်းသည် ။ အိမ်ပြောင်းတုန်းက ပစ္စည်းတစ်ချို့ကို ချန်ထား လွင့်ပစ်ခဲ့ရပေမယ့် ထိုခုံတန်းရှည်ကိုတော့ သူရအောင် သယ်လာခဲ့သည် ။ ဆက်တီမဟုတ်လို့သာတော်သေး ၊ မဟုတ်ရင် စွဲညို့ရဲ့ အိမ်ကြီးထဲမှာ ဒီခုံက ရှင်ဘုရင်လိုနေရာယူဦးမည် ။ ချမ်းက တစ်ချို့နေရာမှာ သိပ်စိတ်မရှည်တတ်ပေမယ့် သူ့ရဲ့ခုံအိုခုံဟောင်းကို ဆေးသုတ်တဲ့နေရာမှာတော့ အရမ်းစိတ်ရှည်သည် ။ ခုံပေါ်ထိုင်တိုင်း ချမ်းအမြဲရေရွတ်တတ်တာက Old but Gold တဲ့ ။

ထားတော့ .... လက်ရှိအခြေအနေကို ဆက်ပြောရအောင် ။ ညနေဖက် ညနေဖက်တွေမှာ အခန်းထဲမှာ ပူလာရင် ချမ်းလုပ်တတ်တာက စာအုပ်လေးကိုင်ပြီး လေသာဆောင်ကို ထွက်လာ ၊ ပြီးရင် ခုံတန်းပေါ်ကို ခေါင်းဦးတစ်လုံးတင်ပြီး သူက ဇိမ်နဲ့စာဖတ်တတ်၏ ။ အဲကွန်းရှိရက်နဲ့ အိမ်ထဲဘာလို့ အေးဆေးမနေတာလဲ မေးခွန်းထုတ်ရင် ချမ်းရဲ့အဖြေက အဲကွန်းလေထက် သဘာဝလေက ပိုလတ်ဆတ်ပြီး ပိုက်ဆံမကုန်ဘူးဟူ၍ ။ ဒီနေ့လည်း အလုပ်ကပြန်ရောက်တာနဲ့ နားအေးပါးအေးဆိုပြီး လေသာဆောင်ကိုထွက်လာကာ စားစရာအပြည့်နှင့် စာအုပ်တစ်အုပ်ပါ ယူလာသည် ။

မကြာပါ ... အလုပ်က ပြန်မရောက်သေးတဲ့ စွဲညို့မှ ချမ်းကို ဖုန်းဆက်လာသည် ။

Ringing......

Ringing..........

" ပြော............. စွဲညို့ "

" ချစ်ရေ ......... ချစ်စားချင်တယ်ဆိုတဲ့ ပီဇာကလေ ဆိုင်မှာ ကုန်နေတယ်တဲ့ ။ တစ်မြို့လုံး ဘယ်နေရာမှ မရတော့ဘူး "

ဒီလောက်ထိ အသံချိုပြီး ပြောနေပုံထောက်ရင် စွဲညို့တစ်ယောက် သူ့အပြစ်ကို သူအရင်ကာထားတာဖြစ်မယ် ။ ချမ်းအဖို့ကလည်း ပီဇာကို ဒီညစားရမှဖြစ်မယ် ။ စွဲညို့က တခြားအရေးကြီးကိစ္စရှိလို့အပြင်သွားရမယ်ဆိုပြီး အိမ်ပြန်နှင့်ဆိုလို့ ချမ်းက သူစားချင်တဲ့ ပီဇာကို ကိုယ်တိုင်သွားမ၀ယ်တော့ဘဲ စွဲညို့နဲ့ပဲ မှာလိုက်တာ ၊ ခုဘယ်လိုဖြစ်ပြီး တစ်မြို့လုံးက ပီဇာက ကုန်ရတာလဲ ။ နည်းနည်းမှ ယုတ္တိမရှိဘူး ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now