part 17(zawgyi +uni)

79K 7.1K 252
                                    

"ညီ ကိုယ့်ကို စိတ်ဆိုးနေတာလား ”

နေသစ်၏ စကားကြောင့် ခေတ်နွေ မျက်နှာသေဖြင့်နေသစ်ကို စိုက်နေကြည့်နေပြီး ပြီးမှ ပြုံးကာ

"ဟင့်အင်း မဆိုးပါဘူး ဦးမာန် တကယ်ဆို ကျွန်တော်ကကျေးဇူးတင်ရမှာပါ”

ညီ ဘာဖြစ်သွားတာလဲ...။

"ကျစ်!! ပွိုင့်က ကြာလိုက်တာ ပျက်နေတာများလား ”

မျက်မှောင်ကျုတ်လိုက်ကာ အလိုမကျသံလေးကြောင့် နေသစ်လည်း မီးပွိုင့်ကိုသာ ပြန်ကြည့်လိုက်သည်။ အင်း... နည်းနည်းတော့ ကြာနေပြီ ။

"ကိုယ့်ဆီမှာ အလုပ်ဝင်မယ်မဟုတ်လား”

ကျွန်တော် ပြန်ကြည့်ကာ မေးတော့ ညီကကျွန်တော့်ကိုအပြုံးများဖြင့် ပြန်ပြောသည်။

"ကျွန်တော် တခြားမှာပဲ အလုပ်ရှာပါ့မယ် ဦးမာန် လောလောဆယ်တောင် ကျွန်တော်တို့သားမိကို နေစရာပေးထားတာနဲ့တင် ကျေးဇူးတွေများနေပါပြီ ကျွန်တော့်ကို ကျေးဇူးတွေနဲ့ မတုတ်နှောင်ပါနဲ့ ”

"ကိုယ် ကျေးဇူးတွေနဲ့ တုတ်နှောင်နေတာ မဟုတ်ဘူးညီ ကိုယ် မင်းကို ကိုယ့်ရဲ့အနီးဆုံးမှာထားချင်တာ ကိုယ် မင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးချင်တာ”

ကျွန်တော့် စကားကြောင့် ညီ့မျက်နှာချက်ချင်းပျက်သွားသည်။ မီးပွိုင့်ကလည်း စိမ်းနေပြီ ဖြစ်တော့ ကျွန်​တော်ဒီကိစ္စကို ရှင်းရန် ဆေးရုံ လမ်းက ပန်းခြံတစ်ခုအတွင်း မောင်းဝင်လိုက်သည်။

"ဆေးရုံသွားမယ်ဆိုပြီး ဘာလုပ်တာလဲ ဦးမာန်”

"ခဏလေးပဲ ဆင်း ကိုယ် ပြောစရာတွေရှိလို့”

"ကျွန်တော် နားမထောင်ချင်ဘူး”

မျက်နှာလွှဲလိုက်ကာ ပြောနေသူကို ကျွန်တော်ကို သက်ပြင်းချကာဖြင့်။

"ကောင်းပြီ မဆင်းရင်လည်း ဒီမှာပဲပြောမယ်”

"ကျစ်!!”

ညီက မကျေမနပ်ဟန်ပြသည်။ ဒါမဲ့ ပြောစရာရှိတာတွေတော့ပြောရမှာပဲ။

"ကိုယ် မင်းကိုချစ်တယ် ”

ကျွန်တော့်ရဲ့ဝန်ခံချက်ကို ညီကမျက်လုံးဝင့်ကာဖြင့် ဤသို့ချက်ချင်းတုန့်ပြန်သည်။

Sugar Daddy (Completed)Where stories live. Discover now