ep 20

53.2K 4.2K 445
                                    


ဒီမနက် အစောကြီးထပြီး ခိုင်မြဲ ရာပြည့်ကြိုက်တတ်တဲ့ မြန်မာထမင်းဟင်းဆိုင်ကိုသွားကာ ဟင်း လေးမျိုးလောက်မှာယူလိုက်သည် ။ ၅ ဆင့်ချိုင့်အပြည့်နဲ့ ဟင်းတွေကို ထည့်လာပြီး ထမင်းကို ကိုယ်တိုင်ချက်ကာ ပူပူနွေးနွေးဖြစ်နေစေရန်အတွက် ရေခဲဗူးတစ်ဗူးနဲ့ ထည့်လာလိုက်သည် ။ ( သူများတွေ ထမင်းမအေးအောင် ဘာနဲ့ထည့်လဲ မသိဘူး ၊ ရီတာတို့ကတော့ ရေခဲဗူးပဲ သုံးတယ် )

သူ တမင်သက်သက်  မနက် အစောကြီး ထွက်ခဲ့လိုက်သည် ။ ၈ နာရီတောင်ကောင်းကောင်းမထိုးသေးပေမယ့် ရာပြည့်က ရုံးကို အစောကြီးရောက်နေတတ်တာကို သိထားလို့ ခုနောက်ပိုင်း ခိုင်မြဲ တမင် ရုံးကို အစောကြီးသွားတတ်သည် ။ တွေ့တာ မတွေ့တာ အပထား ၊ တွေ့နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်က ခိုင်မြဲကို အိပ်ယာစောစောထအောင် တွန်းအားပေးခဲ့သည် ။

ချိုင့်တွေကို လက်က ကိုင်ဆွဲပြီး ခိုင်မြဲ အပေါ်ထပ်တက်လာလိုက်သည် ။ တခြားသူတွေ မရောက်သေးသော်လည်း သန့်ရှင်းရေးသမားတွေက အစောကြီးရောက်နေတာမလို့ သူ ထိုအဒေါ်ကြီးကို နူတ်ဆက်လိုက်သည် ။

" Morning..... ဒေါ်ဒေါ် ။ PM ရောက်ပြီလား ........."

" အေး .... စောနလေးတင်ရောက်တယ် ။ အထဲမှာ ထင်တယ် "

ခိုင်မြဲ ခပ်သွက်သွက်ပင် အထဲဝင်လာတော့ ရုံးခန်းတံခါးဟ ထားတာကိုတွေ့တော့ ဒီအတိုင်းဝင်ချလာလိုက်မိသည် ။ မထင်မှတ်ထားတာတစ်ခုက သူ့ထက်အရင် ကိုနေနော်က ကလေးရဲ့ ရုံးခန်းထဲရှိနေတာပဲ ။

ကြည့်ရတာ နှစ်ယောက်အတူ မနက်စာစားနေတယ်ထင်တယ် ။ သူ့ကိုမြင်တော့ ရာပြည့်က ချက်ချင်းအကြည့်လွဲသွားပေမယ့် ကိုနေနော်က ပြုံးလျှက် နူတ်ဆက်လာသည် ။

" အစောကြီးပါလား ....... ခိုင်မြဲကို "

" ဟုတ် ............. PM အတွက် မနက်စာ လာပို့တာပါ "

ခိုင်မြဲ လက်ထဲက ချိုင့်ကို တင်းတင်းဆုပ်လျှက် ရာပြည့်ကိုကြည့်လာတော့ ရာပြည့်က သူ့ကို ဂရုမစိုက်ဟန်နဲ့ စားပွဲပေါ်က ဆီချက်ပန်းကန်ကို မွှေလိုက်သည် ။

" ငါ အခု မနက်စာ စားနေလို့ ခိုင်မြဲပဲ စားလိုက်ပါ "

" ဒါပေမယ့် ခေါက်ဆွဲတွေက ထမင်းလောက် ဘယ်အဟာရဖြစ်မှာလဲ ။ ကျွန်တော် အကိုကြိုက်တဲ့ ဟင်းတွေဝယ်လာတယ် ။ ထမင်းစားလိုက်ပါဗျာ "

If only we breakup .. (Z+U) ( Completed)Where stories live. Discover now