ep 21

51.3K 4.6K 450
                                    

ရာပြည့်ရဲ့ ကုတင်ရှိရာကို ခြေလှမ်းကျဲကြီးနဲ့ ပြေးဝင်လာတဲ့ နေနော်ကြောင့် ခိုင်မြဲရဲ့ အလိုမကျမှုက အထင်းသားပင် ။ အမှန်ဆို သူက ကလေးဘေးမှာနေပေးပြီး ကလေးအားငယ်ရင် နှစ်သိမ့်ပေးမယ်လုပ်ထားတာ အခု လူပိုတစ်ယောက်က ပါလာပြီ ။

" ရာပြည့် .... မင်း ဘာဖြစ်သွားသေးလဲ ။ ဘယ်နေရာ နာနေလဲ ။ ဆရာဝန်က ဘာတဲ့လဲ ။ မစိုးရိမ်ရဘူး မဟုတ်လား "

" ငါ ဘာမဖြစ် ..........."

ရာပြည့်စကားမဆုံးမှီမှာပင် သူ့လက်ကို ဆုပ်ကိုင်ဖို့ကြိုးစားလာတဲ့ နေနော်လက်ကို ခိုင်မြဲက ဖယ်ထုတ်ပြီး လူနာရှင်ပုံစံနှင့်ပြောလိုက်သည် ။

" ကျွန်တော် အကို နဲ့အတူ ရှိနေလို့ GM စိတ်ပူစရာမလိုတော့ပါဘူး ။ အကိုက ခဏနေဆို ဆေးရုံဆင်းလို့ရပြီတဲ့ "

" ဟုတ်လား ........... တော်သေးတာပေါ့ ။ မင်းဆီက မက်ဆေ့ရတော့ ငါ စိတ်ပူလိုက်ရတာ "

ဒါဆို ကလေး ပထမဦးဆုံး မက်ဆေ့ပို့ခေါ်တဲ့သူက သူမဟုတ်ဘဲ ကိုနေနော်ပေါ့ ။ ခိုင်မြဲရဲ့ မျက်နှာက ကွက်ခနဲပျက်သွားပြီး သိမ်ငယ်သွားသည် ။ ကလေး ဘာလို့ သူ့ကိုအရင်သတိမရတာလဲ ။ သူသာ ရှာမတွေ့ခဲ့ရင် ကလေးက ကိုနေနော် လာတဲ့အထိ စောင့်နေမှာလား ။

" နေနော် ....... ငါ ဆေးရုံက တန်းဆင်းလိုက်တော့မှာ ။ မင်း ကားပါလာတာလား "

" ပါတယ် .... ဒါပေမယ့် ဆေးရုံမှာ ချန်ထားလိုက်မယ် ။ ငါ မင်းအိမ် ပြန်လိုက်ပို့ပေးမယ် ....... ဖြေးဖြေးချင်း ထ ။ ငါ့လက်ကို တွဲထား "

ရာပြည့် နောနော်လက်ကို တွဲရန် လက်အကမ်း ဖြတ်ဝင်လာတဲ့ လက်တစ်စုံကြောင့် သူတို့ သုံးယောက် ကြားထဲ နည်းနည်း ရူပ်သွားသည် ။ ခိုင်မြဲနဲ့နေနော်က နှစ်ယောက်လုံး ပြုံးနေပေမယ့် သူတို့ချင်း ရင်ထဲမှာ ကြိတ်ပြိုင်နေတာ သူတို့ပဲသိသည် ။

" GM ......... အလုပ် ပင်ပန်းနေမှာပဲ ။ အေးဆေး အိမ်ပြန်နားနေလိုက်ပါ ......... ကျွန်တော်ကပဲ အကို့ကို လိုက်ပို့ပေးလိုက်ပါ့မယ် "

" ရပါတယ် .... ဒီလောက်ထိ ကူညီပေးတာနဲ့တင် ခိုင်မြဲကို ကျေးဇူးတင်နေပြီ ။ ခိုင်မြဲ အေးဆေးပြန်လိုက်ပါ ။ ကိုယ် ရာပြည့်ကို ခေါ်သွားလိုက်မယ် "

If only we breakup .. (Z+U) ( Completed)Where stories live. Discover now