I'm...(2)

143 9 0
                                    

ဒီနေ့က super sunday...

အမှန်တကယ်တော့

ဒိနေ့က နိုဘယ်အတွက် နားရက်ပင်ဖြစ်သည်။
တစ်လလုံးမှာမှ တစ်ရက်သာ အတိအကျနားရတဲ့ ထူးထူးခြားခြားနားရက်လေး...

သို့ပေမဲ့ အိမ်မှာနေရင် စိတ်လေပီး ဟိုတွေး ဒီတွေး လျှောက်တွေးတတ်တဲ့အကျင့်ကြောင့် သူမကြီးပြင်းလာတဲ့ မိဘမဲ့ဂေဟာလေးကိုသွားပီး သူမကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ သီလရှင် ဆရာလေးများကို ကူညီရင်း အဲ့ဒီဂေဟာလေးမှာ ရှိတဲ့ကလေးလေးတွေ ဝေယျာဝစ္စ ကိုလည်း ကူညီလုပ်ကိုင်ပေးသည်။
ပြီးနောက် သူမတတ်ကျွမ်းတဲ့ ဂစ်တာတီးခြင်း၊သီချင်းဆိုခြင်းများနှင့် ကလေးတွေကို ဖျော်ဖြေပေးသေးသည်။

တစ်ယောက်ထဲ အိမ်တွင်းအောင်းရင် ကို,အကြောင်းတွေးမိသည်။ကို့,ကို တွေ့ချင်မိသည်။ ကို့,အနားမှာ နေချင်စိတ်တွေဖြစ်ပေါ်လာသည်။ဒီအတွေးတွေ ဒီစိတ်တွေက သူမကို နှိပ်စက်နေသည့်ဒဏ်ကို မခံနိုင်တော့သည့်နောက် ဂေဟာလေးမှာပဲ အားလပ်ရက်တိုင်းရော နားရက်သီးသန့် ရသောနေ့ရက်တွေမှာရော လာပီး လုပ်အားပေးလေး ပြန်လုပ်ဖြစ်နေသည်။

ဒီနေ့လည်း အတူတူပင် ဂေဟာကို သွားရန်အတွက် မနက်ထဲက အိမ်မှုကိစ္စအဝဝကို လုပ်ဆောင်နေသည်။

(၉)နာရီလောက် ရောက်တော့ အိမ်အလုပ်မှန်သမျှ အကုန်ပီးသွားခဲ့ပီ ဒါကြောင့် ရေချိုးရန် ရေချိုးခန်းထဲဝင်လိုက်သည်။

ရေပန်းကနေ ဖြာထွက်လာတဲ့ရေစက်တွေကို ခံယူရင်းနဲ့ ခေါင်းလျှော်ခြင်းကိုပါ တစ်ဆက်တည်းလုပ်လိုက်သည်။နာရီဝက်လောက်အကြာမှာတော့ ခေါင်းလျှော်တာရော ရေချိုးတာပါ ပြီးစီးပြိး ရေချိုးခန်းထဲမှာ ထွက်လာခဲ့သည်။

ထို့နောက် အဝတ်အစားလဲဖို့အတွက် အဝတ်ဗီဒိုကို ဖွင့်ပီး မီပူတိုက်ပီးအစီအရီထည့်ထားတဲ့အဝတ်အစားများထဲမှ ပိတောက်ခြောက်ရောင် ချည်ထည်ဝမ်းဆက်လေးကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

ပြီးနောက် ဂေဟာကိုသွားတိုင်း မိတ်ကပ်မလိမ်းဘဲ သနပ်ခါးသာလိမ်းခြယ်လေ့ရှိတာကြောင့် မှန်တင်ခုံပေါ်မှာ တင်ထားတဲ့ ကျောက်ပြင်ထက် သနပ်ခါးသွေးလိုက်ပီး ပါးကွက်မသေးမကြီးအရွယ်အစားလောက်လေးကို ပါးပြင်ထက် လိမ်းတင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jan 20, 2021 ⏰

Add this story to your Library to get notified about new parts!

I Am.....Where stories live. Discover now