အသူရာထင်သည့် အတိုင်းပင် ခွန်းသော်က
အိမ်ကို ရောက်ချလာတာကြောင့် အပြင်မှာ
ထိုင်စောင့်နေမိတာ မှန်သွားလေသည်။
အသူရာ့တို့ နှစ်ယောက် ကိစ္စကို ထူးထူး
ဘာမှ မသိလိုက်ပဲ ပြီးသွားချင်တာ
အသူရာ့ ဆန္ဒဖြစ်သည်။သူကားပေါ်မှ ဆင်းလာချိန်၊
အသူရာ ခြံထဲမှ ထွက်လာခဲ့ကာ"အသူရာတို့ ပြောစရာမရှိတော့ဘူးထင်တယ်..."
ဟုပြောလိုက်တော့ သူက အသူရာ၏ လက်မောင်း
နှစ်ဖက်အား ခပ်တင်းတင်းဆုပ်ကိုင်ရင်း
အသူရာ့အား စေ့စေ့ ကြည့်ကာ..."ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ကိုတို့နှစ်ယောက်
ဘာလို့ ဝေးရမှာလဲ...??""ဘာမဟုတ်တဲ့ ကိစ္စ...?
ဘာလို့ ဘာမဟုတ်တဲ့ ကိစ္စဆိုတာကို
ထပ်ခါထပ်ခါ ပြောနေတာလဲ ခွန်းသော်၊
လူတစ်ယောက်ကို အရုပ်တစ်ရုပ်လို
ကစားချင်တိုင်း ကစားတာ
ဘာမဟုတ်တဲ့ ကိစ္စလား...?""အဲ့တာ သူ့ကိစ္စလေ ၊ ကိုတို့နဲ့ ဘာဆိုင်လို့လဲ...?၊ "
အသူရာ၊ စိုင်းမင်းခွန်းသော်အား
စိတ်ပျက်စွာ ကြည့်မိရင်း.."သူက အသူရာ့သူငယ်ချင်းပါ ခွန်းသော်၊
ခွန်းသော်သာ အသူရာ့ကို
အလေးထားခဲ့မယ် ဆိုရင်၊
ထူးထူးသော်ကိုလဲ ငဲ့ညာခဲ့မှာပဲ..... ၊
အခုတော့ .. ခွန်းသော်က ကစားပွဲထဲမှာ
ကျေကျေနပ်နပ်ကြီးပါဝင်နေတဲ့
လူ ဖြစ်နေတာလေ.....""သူ့ကို ကိုက ဘာလို့ငဲ့ညာရမှာလဲ..?
သူက ကို့နေရာကို လုယူဖို့ ရောက်လာတဲ့ လူလေ၊
အသူရာ ကို့ဘက်ကိုရော
တစ်ချက်လောက်တွေးဖူးလား...?
သူ့ကြောင့် ကိုဘာတွေ
ဆုံးရှုံးနစ်နာခဲ့လဲ အသူရာသိလား..?"သူကိုင်ထားတဲ့ လက်တွေကို
အသူရာ ဖယ်ခွာလိုက်ရင်း.."ထူးထူးက ရိုးသားဖြူစင်တဲ့
ကလေးတစ်ယောက်ပါ ခွန်းသော်၊
ခွန်းသော်တို့လို မာယာမများဘူး...၊ ""ကျွတ်.. မင်းက ဘာလို့
မင်းသူငယ်ချင်းလောက်တောင်
ငါ့အပေါ် အရေးမပေးရတာလဲ..?""အသူရာက မှားနေတဲ့ဘက်က
မရပ်တည်ချင်တာပါ ၊
အသူရာ့ကို အေးအေးဆေးဆေး
လမ်းခွဲပေးပါ ခွန်းသော်..."
YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်