part 19(zawgyi +uni)

78.5K 6.9K 331
                                    

Ring.....Ring....Ring....

မနက်စောစောစီးစီး အဆက်မပြတ် မြည်နေသော ဖုန်းသံကြောင့် အိပ်နေရာမှ အလန့်တကြား နိုးလာခဲ့သည် ။ အိပ်မောကျနေရာမှ လန့်နိုးလာတာကြောင့် စိတ်ကတော့ သိပ်မကြည့် ။ မနက်စောစောစီးစီး ဘယ်သူဆက်တာလဲ။

"Hello”

"ညီ အိပ်နေတုန်းလား”

ရယ်သံစွတ်နဲ့ တစ်ဖက်မှ ကြားလိုက်ရသည့် အသံကြောင့် ကျွန်တော် အိပ်ချင်မှုများ ပျောက်ကုန်သည်။ ဦးမာန်လား  သူ့အသံနဲ့တူလိုက်တာ။

"ဦးမာန်လား”

"ဟုတ်ပါ့ဗျာ ထတော့လေ ညီရဲ့ ကျောင်းသွားရမယ်”

အမ်....ကျွန်တော်မှ ကျောင်းမတတ်တော့တာ။

"ဘယ်ကျောင်းကိုသွားရမှာလဲ”

"ရော...မေ့နေပြီလား ကိုယ်ပြောတယ်လေ ညီကျောင်းဆက်တက်ရမယ်လို့ ”

"ဟမ် ဒီလောက်မြန်မြန်ကြီး”

"မမြန်ဘူးညီ နောက်တောင်ကျနေပြီ ပြီးတော့ ညီက ဒီတစ်နှစ်ပဲကျန်တော့တာ ကြိုးစားမှရမယ်။ ဒါပဲနော် ညီ မျက်နှာသစ်ပြီး ကျောင်းသွားဖို့ပြင်ထား ကိုယ်လာခေါ်မယ်”

"ဗျာ...ခဏ..ခဏ..”

"တီ....”

ကျစ်!! ဖုန်းကိုချသွားပြီ ။ ကျောင်းသွားဖို့ပြင်ထားရအောင် ငါ့မှာ စာအုပ်တွေမှမရှိတော့ဘဲ။ ကျောင်းထွက်လိုက်ကတည်းက မြင်နေရင် သံယောဇဉ် မပြတ်နိုင်မှာဆိုးလို့ အကုန်ရောင်းစားလိုက်ပြီ။ ဒီလောက်မြန်မြန်ကြီး ဘယ်လိုလုပ်ပြီး စီစဉ်လိုက်တာလဲမသိဘူး ။ ငါ့ကိုလည်း မတိုင်ပင်ဘူး ။သူ့စိတ်ကြီးပဲ။

ခေတ်နွေ မဲ့ရှုံ့ကာဖြင့် ကျောင်းသွားရန် ရေချိုးပြင်ဆင်လိုက်သည်။ မဆိုးပါဘူး ကျောင်းမြန်မြန်ပြီး အလုပ်မြန်မြန်ဝင်တော့လည်း သူ့အရိပ်ကနေ မြန်မြန်ရုန်းထွက်နိုင်တာပေါ့။

...........။

"သားရေ ဒီမှာ သူဌေးလာတယ်”

ပြင်ဆင်လို့အပြီး အိမ်ရှေ့က အမေ့ရဲ့ အော်သံကြောင့် ခေတ်နွေ အခန်းမှ ထွက်လာလိုက်သည်။ ။

"ရပါတယ် အန်တီ ကျွန်တော့်ကို နေသစ်လို့ခေါ်လို့ရပါတယ် သူဌေးဆိုတာကြီးက ကြားရတာ အဆင်မပြေလို့ပါ”

Sugar Daddy (Completed)Where stories live. Discover now