တစ်နေ့ ....
တစ်လ ....
တစ်နှစ်.....
ုဟုတ်ပါသည်.... ။
ဟာနာကီ .... သူမကို ရင်းရင်းနှီးနှီး သိနေသည်။ ဘယ်နေရာမှာစုံခဲ့ဖူးတာလဲ ။
ဟိုးငယ်ငယ်တုန်းကလား ။
ရာမီဆီကိုသွားရင်းလာရင်းနှင့်ဆုံတွေ့ဖူးတာလား ။
ဒါလဲမဖြစ်နိုင်ပါဘူး ။ ရာမီဆီသွားရင်းလားရင်း နဲ့သိနေခဲ့ရင်လဲ အခုလို စိတ်ထဲက ကသိကအောင့်ဝေဒနာကဘာကြောင့်ဖြစ်ရမှာလဲ ။
ဟူး ... ။
တစ်နေကုန်မနားမနေ ကားမောင်းလာတာပဲလေ ဘာကြောင့်ပင်ပန်းပြီးစောစောစီးစီးအိပ်မပျော်ရတာလဲ ။
ကသိကအောက်ဖြစ်နေတဲ့စိတ်ထဲကအရှုပ်ထုတ်ကိုဖြေရှင်းဖို့အတွက်နဲ့ ဟိုတွေးဒီတွေးလုပ်နေမိလို့ပဲနေမှာ ။
တာမီဆူခီ မနက်ကျရင်လဲအစောကြီးထပြီးတောင်ထိပ်တက်ရဦးမယ်။
နင့်အတွက်ပင်ပန်းစေမယ့်အလုပ်တွေကတန်းစီပြီးစောင့်နေတာနော်နင်မအိပ်သေးပဲဘာလုပ်နေရတာလဲ ။
အိပ်စမ်း အိပ်စမ်း ။
မျက်လုံးတွေကို တင်းတင်းစေ့ကာမှိတ်စေလိုက်ပြီး ရွက်ဖျင်တဲထဲတွင်တစ်ယောက်ထဲ ဟိုလှိမ့်ဒီလှိမ့်နှင့်မနက်၄ နာရီထိုးသွားခဲ့တော့၏ ။
" အား ......... ငါ့ •%£$£€€££ (ဆဲနေခြင်းအတွက်ပလပ်ပလပ်လိုက်သည်) $£€$''£\©©°´´• , ဆိုးလို့တဲ့ဘ၀ ... တစ်ညလုံးစဉ်းစားတာတောင်အဖြေထွက်မလာဘူး ဟူး .... စိတ်ရှုပ်လာပြီ ဒိုးလိုက်တော့အတွေးဆိုးတွေရေ "
ဖွာလန်ကြဲနေသည့်ဆံပင်နီနီတွေကိုဖြင့်လက်နှင့်အသားကုန်ထိုးမွှေလိုက်ပြီး ။ အိပ်ယာသိမ်းကာ ထသွားလေတော့သည်။
ဆက်အိပ်လို့လဲရမှမရနိုင်တော့သည်ကို ။ ဒီတော့လဲတောင်ထိပ်ကိုစောစောစီးစီးတစ်ယောက်ထဲကြိုတက်ပြီး သူများတွေထက်ဦးအောင်လေ့လာရေးကွင်းဆင်းလိုက်ဖို့ပဲရှိတော့သည်။
YOU ARE READING
[ လရောင်အောက်မှ~ဆာကူရာသက်သေ ]Zawgyi & Unicode
Fanfictionအချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ် တွေးမဆုံးနိုင်လောက်အောင်ကျယ်ပြန့်တယ် သို့သော် ..... အချစ်ဆိုတာမျိုးက စိတ်စေရာအတိုင်းလူကလိုက်ပါသွားရသည် ... အတင်းလုယူဖို့ကြိုးစားတဲ့အခါ ထိုအချစ်ကပဲ ထွက်ပြေးတိမ်းရှောင်သွားတက်ကြသည်... ဒါ အချစ်တဲ့ .....
![[ လရောင်အောက်မှ~ဆာကူရာသက်သေ ]Zawgyi & Unicode](https://img.wattpad.com/cover/175778559-64-k639605.jpg)