ep 25

49.2K 3.9K 483
                                    

ကိုနေနော်ရှိတဲ့ဆီကို ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ အပြေးသွားတဲ့ ကလေးရဲ့ပုံစံလေးကို ငေးကြည့်ရင်း မနာလိုဝန်တိုမှုက အတိုင်းအဆမဲ့ပင် ။ ကိုနေနော် လက်ထဲက အထုတ်အပိုးတစ်ချို့သယ်ကူရင်း နှစ်ဦးသား ရယ်ရယ်မောမောနဲ့ ရှိနေတဲ့ ကလေးကို မြင်သော် ကလေးက သူမရှိရင်တောင် အဆင်ပြေနေပြီထင်မိသည် ။

" ခိုင်မြဲကို ................ ကလေးတွေ မနက်စာစားတော့မယ် ။ စားပွဲထိုးကူပါဦး......"

ကလေးကို ကြည့်ပြီး ငူငူငေါင်ငေါင်ဖြစ်နေတဲ့ ခိုင်မြဲကို သူရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပုခုံးပုတ်လျှက် ပြောတော့ သူ ယောင်တောင်တောင် ခေါင်းညိတ်ရင်း နောက်က လိုက်သွားသည် ။ ကလေးကတော့ တစ်ချက်တစ်ချက်ရယ်ပြတာကလွဲရင် ကိုနေနော်ရဲ့နံဘေးမှာပဲ ကပ်နေလို့ ခိုင်မြဲရဲ့ ၀န်တိုစိတ်တွေက သံသယစိတ်အဖြစ်ပြောင်းလဲသွားသည် ။ ကလေး သူ့အပေါ် အချစ်လျှော့နေပြီထင်တယ် ။

ကလေးတွေ စားဖို့အတွက် ပုံစံခွက်လုပ်ထားတဲ့ ပန်းကန်ပြားထဲ ခိုင်မြဲ ထမင်းတွေ ခူးခပ်ပေးလိုက်သည် ။ ကျန်တဲ့သူတစ်ချို့က ဟင်းတွေ ခူးခပ်ကူသည် ။ အားလုံးက တစုတစည်းတည်း ၀ိုင်းဝန်းလုပ်အားပေးလို့ ဤယနေ့ သူတို့၏ အလှူသည် ကြည်နူးပီတိဖြစ်ဖွယ်အတိပင် ။ သို့သော်ကား ခိုင်မြဲကတော့ မအေးချမ်းနိုင် ။ အပြင်မှာ ကျန်ခဲ့တဲ့ ရာပြည့်နဲ့ နေနော်ကို လှမ်းလှမ်းကြည့်ပြီး စိတ်မချဖြစ်နေလို့ သူလုပ်သမျှက အယောင်ယောင်နဲ့အမှားမှား ။

သ၀န်လည်းတိုတယ် ၊ ဒေါသလည်း ထွက်တယ် ။ ကလေး သူ့အပေါ် လုပ်ရက်လွန်းတယ် ။ ဒီလိုမျိုး သူ့ရှေ့မှာ တခြားတစ်ယောက်နဲ့ တွဲပြမှဖြစ်မှာလား ။ ကလဲ့စားချေချင်လည်း တခြားနည်းလမ်းမရှိတော့ဘူးလား ။

ခိုင်မြဲ စိတ်ဆိုးဆိုးနဲ့ အပြင်ပြန်ထွက်လာပြီး အတူ ထိုင်နေတဲ့ ရာပြည့်နဲ့နေနော်ကြား ၀င်ထိုင်လိုက်သည် ။

" ခိုင်မြဲ ........... နေရာတွေ အကျယ်ကြီး ဘာလို့ သူများကြားထဲ လာဝင်ထိုင်ရတာလဲ ။ အဲ့အကျင့်ကို ပြင်သင့်တယ် ထင်တယ် "

ရာပြည့်၏ ဆူပူမှုကိုခံရသော်လည်း ကြောက်လန့်သွားခြင်းမရှိ ၊ သူ ကိုနေနော်ဖက်လှည့်ပြောလိုက်သည် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now