မိတ္ဆက္
214K 5.7K 90
>>>>>Unicode<<<<
မင်္ဂလာပါ။
ပထမဆုံး သတိပေးချင်တာက ဒီဇာတ်လမ်းက BL (Boy Love) ပါ။ လိင်တူအမျိုးသားနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာဘွဲ့ဖြစ်လို့ ဒီလို အမျိုးအစားကို မနှစ်မြို့တဲ့ စာဖတ်သူတွေအနေနဲ့ ဒီနေရာမှာပဲ ရပ်တန့်လိုက်ဖို့ ပန်ကြားပါရစေ။ ဒီအမျိုးအစားကို ဖတ်ရှုလေ့ရှိသော ပရိတ်သတ်အနေနဲ့ကတော့ ဆက်လက်ပြီး အားပေးပါဦးလို့။
ဒီနေရာမှာ ထပ်ဖြည့်ချင်တာက အခုလို အချိန်အခါမှာ လူတိုင်းလူတိုင်းဟာ နေ့စဉ်လူမှုဘဝမှာ ပင်ပန်းကြပါတယ်။ မိသားစုမှာ တာဝန်ယူမှုကြီးလေ ပင်ပန်းလေပါ။ READER.SHII တို့အားလုံးရဲ့ ဖိစီးမှုကိုလည်း နားလည်ပါတယ်။ Ony ကိုယ်တိုင်လည်း ပင်ပန်းနေတာမို့ ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် Ony အနေနဲ့ တောင်းဆိုချင်တာက တဖက်သားကို ခွန်အားဖြစ်စေမယ့် စကားမျိုးမပြောနိုင်ရင်တောင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေမယ့် စကားမျိုးကို ရှောင်ရှားပေးကြပါ။ မေတ္တာရှေ့ထားတဲ့ စကားမျိုးမပြောနိုင်ရင်တောင် ကိုယ်ချင်းစာစိတ်နဲ့ ယှဉ်တဲ့ စကားမျိုးပဲပြောဖို့ Ony ဘက်က မေတ္တာရပ်ခံပါတယ်။
Ony ဟာ Amateur ပါ။ ဒါကြောင့် Ony ရဲ့ ဖန်တီးမှုဟာ Reader.shii တို့နဲ့ အဆင်မပြေဘူး၊ မျှော်လင့်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ရောက်တဲ့နေရာမှာတင် ရပ်ပစ်လိုက်ပါ။ ပုဒ်မတောင် အဆုံးမခံပါနဲ့။ မလိုအပ်တဲ့ စကားတွေနဲ့စိတ်အနှောက်ယှက်ဖြစ်အောင် မလုပ်ဖို့လည်း ထပ်မံပြီး မေတ္တာရပ်ခံပါတယ်။ စာရေးသူနဲ့ စာဖတ်သူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်နေသူချည်းပါ။ သို့သော် BL မြတ်နိုးသူခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေစက်ဆုံတဲ့ ဒီအခိုက်အတန့်ကို အကျည်းတန်အောင် လုပ်မယ့်အစား ကောင်းမွန်တဲ့အချိန်လေးတွေ၊ အမှတ်ရစရာလေးတွေကိုပဲ တတ်နိုင်သမျှ ဖန်တီးကြရအောင်ပါ။ ဒါကြောင့် အထပ်ထပ်တောင်းဆိုပါတယ်။ မလိုတဲ့စကား၊ အဆိပ်အတောက်ဖြစ်စေမယ့် စကားမျိုး မပြောကြပါနဲ့။ ဒေါသနဲ့ယှဉ်ရင် ဘယ်အရာမဆို အကျိုးဆက်မကောင်းတတ်လို့ပါ။
ဆက်လက်ပြီး ဇာတ်လမ်းနဲ့ ပတ်သက်လို့
ဒုတိယအနေနဲ့ သတိပေးချင်တာက ဒီဇာတ်လမ်းမှာ အိပ်ယာဝင်ခန်းတွေပါပါတယ်။ အပြာရောင်ရင့်ရင့် မဟုတ်ပေမယ့် ၁၈ နှစ်အောက်အတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ၁၈ နှစ်အောက်တွေကို အထူးသတိပေးချင်တာက Warning လေးတွေကို ကြည့်စေချင်ပါတယ်။