Chapter 4
63.2K 4.8K 86
>>>>>Unicode<<<<<
" Money... Money... Money....."
အဆက်မပြတ်မြည်နေသော ဖုန်းသံကြောင့် သျှားအိမ် မျက်လုံးအစုံကို အားယူကာ ဖွင့်လိုက်သည်။ ပထမဆုံးအဖြစ် သူ့အမြင်လွှာထဲ ဝင်ရောက်လာသည်က ကောက်ကြောင်းလှလှ အမျိုးသမီးတစ်ဦး၏ အဝတ်အစားကင်းမဲ့နေသော ခန္ဓာကိုယ်တစ်ခု။
ညက ဟိုကောင်များနှင့်ထုံစံအတိုင်း ဘီယာသောက်ပြီး အပြန်တွင် အပျော်မယ်လေးတစ်ဦးကို ဖုန်းခေါ်ကာ ဟော်တယ်တွင်အိပ်ခဲ့သည်။ ယခုတော့ ပြန်ဖို့ရန် အချိန်တန်ပြီဖြစ်ရာ လဲလျောင်းနေရာမှ ထထိုင်လိုက်သည်။ ထို့နောက် သူမ၏ ပုခုံးကို သာမန်ကာလျှံကာကိုင်ကာ လှုပ်နှိုးလိုက်သည်။ အကြောင်းရင်းကတော့ နားပူလွန်းလှသော ထိုဖုန်း‌ကြောင့်။
"ဟေ့... ဖုန်းကိုင်လိုက်ဦး။"
သူမမှာ အိပ်ချင်စုံမွှားဖြင့် စားပွဲပေါ်မှ တွေ့ရာဖုန်းကို ကောက်ကိုင်လိုက်လျှင်....
"ဟေ့.... အဲ့ဒါ ငါ့ဖုန်း! မျက်လုံးလဲ ဖွင့်ပါဦး။"
သျှားအိမ် သူ့ဖုန်းကို သူမလက်ထဲမှ ယူလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ပုံထားသော အဝတ်များထဲမှ ပိုက်ဆံအိတ်ကို ကောက်ယူလိုက်သည်။ ပြီးလျှင် တစ်ထောင်တန်တစ်ထပ်ကို ထုတ်ကာ မိန်းကလေးဘေးသို့ ပစ်တင်လိုက်သည်။
ဖုန်းပြောနေသော သူမကား ဖုန်းပြောမပျက်။ ပိုက်ဆံကို ကောက်ယူကာ ရေတွက်နေသေးသည်။ သျှားအိမ်ကတော့ သူမကို လျစ်လျူရှုကာ ရေချိုးခန်းထဲသို့ ဝင်ခဲ့တော့သည်။
ကိုယ်လက်သန့်စင်ပြီး၍ ရေချိုးခန်းထဲမှ ထွက်လာသည့်အချိန်တွင် သူမ မရှိတော့။ သူမ ရှိလိမ့်မည်ဟုလည်း သူ့အနေဖြင့် မမျှော်လင့်ပါ။ ဤသို့ ပိုက်ဆံဖြင့် ဖန်တီးထားသော အပျော်တမ်းဆက်ဆံရေးမျိုးသည် တစ်ညတာသာ သက်တမ်းရှိသည်မှာ အထူးအဆန်းတော့လည်း မဟုတ်ပြီ။ သူ့အနေဖြင့်လည်း ကြာရှည်ခံ တည်တည်တံ့တံ့ဆက်ဆံရေးမျိုးကို တည်ဆောက်ရန် အသင့်မဖြစ်သေးပါ။ တည်လည်း မတည်ဆောက်လိုပါ။ ၂၆ နှစ်ဆိုသည် လွတ်လပ်စွာ ပျော်ပါး၍ ကောင်းဆဲအရွယ် မဟုတ်ပါလား။