Chapter 5
55K 4.5K 124
>>>>>Unicode<<<<<
"ဟုတ်ကဲ့... ကျွန်တော် သိပ်တော့ အာမမခံနိုင်ပေမယ့် တတ်နိုင်သမျှတော့ ကြည့်ထားပါ့မယ်။ အဲ့ဒါဆို ဒါပဲနော်။"
သျှန်နောင် ဖုန်းချပြီးသည်နှင့် မမိုးတို့၏ အခြေအနေကို စနည်းနာရန် သီးသန့်အခန်းထဲသို့ ဝင်လာခဲ့သည်။
ပိုးတိမ်လွှာက သွန်းဆက်၏ ကွဲသွားသော နှုတ်ခမ်းကို ရေခဲအုံပေးနေပြီး မမိုးက ဆေးသတ္တာတစ်ခုဖြင့် အလုပ်ရှုပ်နေသည်။ မည်သို့ဆိုစေ မိန်းကလေးနှစ်ဦးမှာ သူ မျှော်လင့်သလို အတော်အတန် တည်ငြိမ်သွားပြီဖြစ်သည်။
"ညီမတို့ အဆင်ပြေလား။ ဘယ်လိုနေသေးလဲ။"
"ဟုတ်ကဲ့။ ဘာမှမလိုပါဘူး အစ်ကို။ ကျေးဇူးတင်ပါတယ်။"
"ညီမလည်း ကျေးဇူးတင်ပါတယ်။"
မိန်းကလေးနှစ်ဦးစလုံးက ကျေးဇူးတင်စကားဆိုလာတော့ သျှန်နောင် ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
"ရပါတယ် ညီမတို့ရယ်။ ဒါနဲ့ ညီမတို့ ပြန်မယ်ဆို ညီမအဖေရဲ့ သက်တော်စောင့် တစ်ယောက်လောက်ကို ဖုန်းခေါ်လိုက်တာ ပိုကောင်းမယ်ထင်တယ်၊"
သျှန်နောင်က တွေးတွေးဆဆဖြင့် ပိုးတိမ်လွှာအား ပြောလိုက်သည်။ ဟုတ်သည်လေ။ သူမလေးတို့နှင့် ပြဿနာတက်သော ထိုအမျိုးသားငယ်သည် လူကြီးပိုင်းမှ လူတစ်ဦး၏ သားအငယ်ဆုံးဖြစ်ကာ အခြားသော လူကြီးသားသမီးများနှင့် ဂိုဏ်းဂဏဖွဲ့၍ ဖခင်၏ အရိုန်အဝါဖြင့် ဆိုးချင်တိုင်းဆိုးနေသော လူငယ်လည်းဖြစ်သည်။ ထိုသို့သော လူမျိုးသည် ဤမိန်းကလေးများကို လွယ်လွယ်နှင့်လွှတ်ပေးလိမ့်မည်မဟုတ်။ သျှန်နောင်မှာ မိမိနှင့်မဆိုင်သလိုနေလို့ရသော်လည်း မျက်နှာလွဲခဲပစ်တော့ မလုပ်လိုပါ။
အထူးသဖြင့် ဤမိန်းကလေးများ အိမ်မရောက်မှီ တစုံတခုဖြစ်သွားမည်ကိုတော့ မလိုလားပါချေ။ ထို့ပြင် သဘာဝဟူသော သတ်မှတ်ချက်ကြီးနှင့် စံတိုက်၍မရသည့် ချစ်ခြင်းမေတ္တာတို့ဖြင့် နှောင်တည်းထားပါသော အတွဲမို့လည်း တတ်နိုင်သမျှ ကာကွယ်ပေးလိုခြင်းဖြစ်သည်။