Chapter 10
46.4K 3.8K 179
>>>>>Unicode<<<<<
သျှန်နောင် ရုံးခန်းရှေ့ရောက်သည်နှင့် တံခါးဝရှိ လုံခြုံရေးအစောင့် နှစ်ဦးက ရှေ့မှပိတ်ရပ်ကာ သူ့ကို သတိပေးသလို ကြည့်လာသည်။ သူက ထိုသူများကို နှစ်လိုဖွယ် ရာကောင်းအောင် ပြုံးပြလိုက်သော်လည်း မျက်လုံးများက ခြိမ်းခြောက်မှုတို့ဖြင့် တဝင်းဝင်းတပြောင်ပြောင် တောက်ပလို့နေသည်။
"မင်း ဘာလာလုပ်တာလဲ။"
"ကျွန်တော် အစ်ကိုဖုန်းမြင့်နဲ့ စကားပြောစရာလေးရှိလို့ပါ။"
"မင်းက ဘာမို့လို့ ငါ့တို့အစ်ကိုဖုန်းက စကားပြောရမှာလဲ။"
"ငါက အပေါက်စောင့် ခွေးမဟုတ်လို့လေ။"
သျှန်နောင်က မထူးခြားသလိုပြောသည့်တိုင် ထိုလူနှစ်ယောက်မှာ ရှူးရှူးရှားရှားဖြစ်ကုန်သည်။ သူ ဤနေရာသို့လာရသည့် ရည်ရွယ်ရင်းက ဦးဖုန်းမြင့်နှင့် အေးအေးဆေးဆေးစကားပြောရန်ဖြစ်သည်။ သို့တိုင်အောင် ဤအပေါက်စောင့် ခွေးနှစ်ကောင်က မာန်ဖီနေသဖြင့် အတင်းဆွဲဆန့်ထားရသော စိတ်တို့က အထိန်းအကွပ်လွတ်လုလု။
"ဘာပြောတယ်??!!!"
"အေးပေါ့လေ။ မင်းတို့က လူစကား ဘယ်နားလည်မလဲ။"
သျှန်နောင် တမင်ပင် ရန်စကားပြောလိုက်သည်။ တခုခုဖြစ်လျှင် လက်အရင်ပါသော လူက အရှုံးမဟုတ်ပါလား။ အစောင့်တစ်ဦးက သျှန်နောင်ကို အင်္ကျီလည်ပင်းမှ ဆွဲယူလိုက်ကာ....
"မင်းလို ေ-ာက်ခြောက်ကများ.... -င်ယားနေတယ်ဟုတ်လား။"
သျှန်နောင် ထိုသူများကို ပြန်မပြောပဲ အသံကျယ်ကျယ်နှင့် အထဲမှလူ ကြားအောင်သာ အော်ပြောလိုက်သည်။
" အစ်ကိုဖုန်းမြင့် ကျွန်တော်က စကားပြောရုံလာတာပါဗျာ။ ဘာမှလုပ်ဖို့ မဟုတ်ပါဘူး။ အခုတော့ ကျွန်တော် မှန်းထားတာတွေနဲ့ ပြောင်းတိပြောင်းပြန်ဖြစ်တော့မယ်နဲ့ တူတယ်။"
သျှန်နောင်၏ ခပ်လှောင်လှောင်ရယ်သံစွက်နေသော ခြိမ်းခြောက်စကားအဆုံးတွင် အခန်းတံခါးပွင့်လာကာ အထဲမှ မျက်နှာသေနှင့်လူတစ်ဦး ထွက်လာသည်။