အပိုင်း ၁ ( ရှုပ်ထွေးသောအသိစိတ်များ)

76.4K 3K 339
                                    


Part 1 (ရှုပ်ထွေးသော အသိစိတ်များ)

"ရှန်းရှန်း.....???"

အန်းလုတစ်ယောက် လက်နှစ်ဖက်ကိုချုပ်နှောင်ကာ မျက်နှာအား အတင်းထိတွေ့ခိုင်းနေသော ထိုသူကြောင့် သူ၏ရင်ဘတ်မှာ တလှပ်လှပ်ခုန်လာပါ၏။ "ရှန်းရှန်း" ဟူသော အသုံးအနှုန်းအား မိမိရင်းနှီးသဖွယ် ရှိလှသော်လည်း ဤသူအားသူမသိ။ အတော်ပင်သန့်ပြန့်ကာကြည့်ကောင်းသည့် မျက်နှာနှင့်ကိုယ်ခန္တာရှိသော်လည်း ခါးအောက်ထိပင်ရှိနေသောဆံနွယ်တို့ကဖရိုဖရဲ။ ပိုဆိုးသည်က ဘာမျှဝတ်မထားခြင်းပင်။ လည်ပင်းထက်တွင်တော့ တစ်စုံတစ်ခုကိုဆွဲထားသည်။ ထိုအရာလေးမှအပါး တခြားဘာဆိုဘာမျှတော့ သူ့ကိုယ်တွင်ရှိမနေတော့ပါချေ။

အန်းလုငြိမ်သက်ကာ ထိုသူအားခေါင်းအစခြေအဆုံး တချက်ကြည့်ပြန်သည်။ သို့သော်အောက်ပိုင်းရောက်သည်နှင့် အန်းလုချက်ချင်း မျက်လုံးအစုံကိုတင်းကျပ်စွာ ထပ်မှိတ်လိုက်ပြီး ချုပ်နှောင်ခံထားရသောလက်နှစ်ဖက်ကိုအတင်းရုန်းကာ ထိုသူ၏ရင်ဘတ်အား အတင်းတွန်းထုတ်လိုက်သည်။ သူကြိုးစားလည်း ထိုလူကိုမည်သို့မျှ ဆက်ကြည့်လို့မရနိုင်သည်ကို သူဝန်ခံလိုက်ရပြီ။ မဟုတ်လျှင် ထိုလူ၏ ကိုယ်ခန္တာအပေါ်ပိုင်းနှင့်ပင် သူမနာလိုဖြစ်နေရချေပြီ။

"ခင်ဗျား......နှာဘူးကြီးမလား!!!"

အန်းလုအော်ကာ တွန်းလိုက်သည့်အချိန်မှာ ချီရှန်းမထင်မှတ်ထားသဖြင့် ကြမ်းပြင်ပေါ်သို့ဖင်ထိုင်ရက်ကျသွားတော့သည်။ သို့သော်ချီရှန်းက ပြုတ်ကျသည့်အတိုင်း ဒူးနှစ်ချောင်းထောင်လျက်ပင် ထိုအတိုင်းသာဆက်ထိုင်နေလိုက်သည်။ အန်းလုအား မော့ကြည့်ရင်း တချက်ပြုံးကာ....

"သူပြောပါတယ်.....မင်းကိုယ့်ကိုမမှတ်မိလောက်တော့ဘူးဆိုတာကို...."

ထို့နောက် ချီရှန်းက သူထိုင်နေသည့်ပုံစံကိုပြင်လိုက်ကာ

" ထားလိုက်ပါ.....ပြီးမှဆက်ကြတာပေါ့။ ကိုယ့်မှာအချိန်တွေအများကြီးရှိတယ်။ အဲ့တော့ အခုကိုယ့်ကို အဝတ်တစ်ထည်လောက်အရင်ပေးလို့ရမလား။မဟုတ်ရင် ကိုယ်ကလည်း အဝတ်မပါ ၊ မင်းကလည်း မပေါ်တပေါ်လေးဆိုတော့....."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now