Chapter 17
42.7K 4.1K 311
>>>>>Unicode<<<<<
သျှန်နောင် ဆိုင်သို့ရောက်လျှင် ရုံးခန်းထဲတွင် သူ့ကို စောင့်ကြိုနေသော လူကြောင့် မျက်နှာတစ်ချက်ပျက်သွားသည်။ သို့သော် ချက်ချင်းပင် ဣန္ဒြေဆယ်ကာ စားပွဲနောက်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ထိုသူ၏ ပိုမို ခန့်ညားလာသော မျက်နှာကို ကြည့်ပြီး အပြုံးတုတစ်ခုကို ဖန်းတီးလိုက်ပါ။
"ကိုဈာန်လင်းခန့် မတွေ့တာတောင်ကြာပြီနော်။ ကျွန်တော် ဘာကူညီပေးရမလဲ။"
"မင်းကို တွေ့ရုံသက်သက်ပဲဆိုပါတော့။"
လွန်ခဲ့သော ၄ နှစ်ကဆိုလျှင် ဤစကားသည် အလွန်တာသွားသော စကားတစ်ခွန်းဖြစ်ပေလိမ့်မည်။ သို့သော် ယခုကတော့ သူ့အပေါ်သက်ရောက်မူက လွန်စွာခြားနားသွားချေပြီ။ သူ့အတွက်တော့ ပုံမှန်နှုတ်ဆက်စကားတစ်ခွန်းဖြစ်သည်ဆိုသည်ထက် မပိုတော့ပြီ။
"ဟုတ်ကဲ့..."
ဈာန်လင်းခန့် သူ့ရှေ့တွင် မထုံတက်သေးဖြင့် ထိုင်နေသော အမျိုးသား၏ မျက်နှာကို မယုံနိုင်ဟန်ဖြင့် ကြည့်မိတော့သည်။ ဤအမျိုးသားကား သူနောက်ဆုံးတွေ့ခဲ့သော အချိန်ကထက် ပို၍ ရင့်ကျက်လာရုံသာမက ပို၍ စွဲမက်ဖွယ်ကောင်းလာသည်။
"ငယ်ရယ်...ကိုယ်လေ.."
လွန်စွာရင်းနှီးခဲ့ဖူးသော ထိုအသုံးအနှုန်းကြောင့် သျှန်နောင်၏ ခန္ဓာကိုယ်မှာ တုံ့ခနဲဖြစ်သွားရသည်။ ကျက်လောက်ပြီထင်သော နှလုံးသားရှိ ဒဏ်ရာများက ယခုတိုင် မကျက်သေးမှန်း သိလိုက်ရပါသည်။ သူ ချက်ချင်းပင် လက်ကာပြလိုက်ပြီ...
"ခဏလေး... ကိုဈာန်လင်းခန့်... ခဏလေး။"
"ပြောပါ... ငယ်။"
"ခင်ဗျား ကျွန်တော့်ကို အဲ့ဒီလို မခေါ်ပါနဲ့လား။"
"ဘာလို့လဲ ငယ်ရယ်။"
သျှန်နောင် ထိုသူ၏ တောင်းပန်တိုးလျိုးနေသော မျက်ဝန်းများကို ခပ်စူးစူးကြည့်လိုက်ပြီး...
"ခင်ဗျားမရှက်တတ်ပေမယ့် ကျွန်တော်ရှက်တယ်။"
"ကိုယ်တောင်းပန်ပါတယ် ငယ်ရယ်။"