Chapter 19
47.4K 3.7K 468
>>>>>Unicode<<<<<
သျှားအိမ်မှာ မနက်ဆိုင်ဖွင့်ကတည်းက ရှုပ်လိုက်သည့်အလုပ်။ bakery အတွက် အော်ဒါမှာထားသည့် ကုန်ကြမ်းပစ္စည်းများ မရောက်လာ၍ ဖုန်းခေါ်မေးကြည့်တော့ ပို့ပေးမည့်လူက အရေးပေါ်ခွင့်ယူသွားသဖြင့် မနက်ဖြန်မှရမည်ဟုဆိုသည်။ တော်တော်ကို သောက်ရေးမပါသော အကြောင်းပြချက်ကြီး! ဤသည်ကို ကြိုပြောလျှင် စီးပွားတက်မှာ စိုးသောကြောင့်ဖြစ်မည် ထင်သည်။ ထို့အပြင် ညံ့လိုက်သည့် customer service။ ထို information လေးရဖို့အတွက် နာရီဝက်မျှဖုန်းကိုင်ကာ စောင့်နေရသည်။ ဒါတင်မကသေး order ကို cancel လုပ်မည်ဆိုလျှင် ပိုက်ဆံပြန်မပေးနိုင်ကြောင်းကိုပါ အထက်စီးမှ ပြောသွားသေးသည်။ ကိုယ်ပိုက်ဆံနှင့်ကိုယ် ရိုင်းပြစွာ ဆက်ဆံခံရသော customer service မျိုး ဒီနိုင်ငံတွင်ပဲရှိမည်ထင်သည်။
လုပ်ငန်းရှင်အတော်များများက မိမိ၏ service သို့မဟုတ် product ၏ အရည်အသွေးကို အာမခံချက် ဘယ်တော့မှမပေး။ ဒါက ထုံးစံ။ မည်သည့်ပစ္စည်းဆို မိမိလက်မှလွတ် ဗြွတ်။ ဝယ်သူလက်ထဲရောက်၍ တခုခုဖြစ်လျှင် ဝယ်သူ့တာဝန်။ သူတို့သိသည်က ပိုက်ဆံရဖို့။ ဒါက လုပ်ရိုးလုပ်စဉ်။
ဒီကြားထဲ လက်ထောက် pastry chef တိုးငယ်ကိုကြည့်ရသည်မှာလည်း စိတ်နှင့်လူနှင့် မကပ်။ မုန့်အချိုးတွေမှားသည်မှာ နှစ်ကြိမ်မကချင်။ တဖန် သူ့မှာ staff အသစ် ကောင်မလေးကို training ဆင်းပေးနေရသေးသည်။
ထို့ပြင် ယနေ့မှာ ရုံးပိတ်ရက် မဟုတ်သည့်တိုင် သောကြာနေ့ဖြစ်သောကြောင့် ဖြစ်မည် လူများကလည်း တဖွဲဖွဲနှင့်။ ယခု ညနေ ၄ နာရီခွဲရှိပြီ လူက မပါးနိုင်။ သူထားခဲ့လျှင်ရလောက်သော အနေဖြစ်သော်လည်း လူသစ်ရှိ၍ မထားခဲ့ချင်။ တော်ကြာ တလွဲလုပ်လျှင် နောက်မှ ဖာဖို့ထေးဖို့အတွက် သူရှိနေမှဖြစ်မည်။ ဟိုလူ့ကို ရှေ့နောက်မကြည့်ပဲ လွယ်လွယ်ကူကူဖြင့် အားသည်ဟု ပြောမိသော ကိုယ့်ကိုယ်ကိုယ်သာ နဘမ်ကျင်းလိုက်ချင်တော့သည်။
အတန်ကြာ၍ လူပါးတော့မှ နာရီကြည့်မိသည်။ ညနေ ၅ နာရီထိုး နေပြီဖြစ်သည်။ သူ ကပျာကယာပင် လူသစ်ကို ပြန်လွတ်လိုက်ပြီး သူကိုယ်တိုင်လည်း ပြန်မည်ဟု ကြံရွယ်လိုက်သည်။ သို့သော် ထိုအကြံက တဝက်ပင်မရှိသေး။ Oven က အလုပ်မလုပ်ဟုဆိုသဖြင့် ကြည့်ပေးရပြန်သည်။ တကယ်က အလုပ်မလုပ်ခြင်းမဟုတ် power supply ပလပ်ပြုတ်နေ၍ မီးမလာခြင်းဖြစ်သည်။ ပြောပါတယ်။ ဒီကောင် စိတ်နဲ့ လူမကပ်ပါဘူးလို့။ ပြဿနာအေး၍ ထပ်၍ပြန်မည်ဟု ကြံကာ Kitchen ထဲမှ အပြင်သို့ ခြေနှစ်လှမ်းချရုံရှိသေးသည်....