Chapter 25
46.1K 3.5K 186
>>>>>Unicode<<<<<
ယနေ့လည်း ဆိုင်ဖွင့်ပြီး မကြာမီ ရုပ်ရှင်အဖွဲသားများ အလျိုလျိုရောက်လာကာ ရိုက်ကူးရေးအတွက် ပြင်ဆင်လုပ်ကိုင်နေကြသည်။ သျှားအိမ်လည်း နှင်းနှင်း၊ တိုးငယ်တို့နှင့်အတူ ဆိုင်အတွက် ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ရင်း ကိုယ်စီကိုယ်ငှ အလုပ်ရှုပ်နေကြသည်။ ထိုစဥ် သူသူရောက်ချလာကာ သူရှိရာဆီသို့ မယောင်မလည်နှင့် ကပ်လာသည်။
"Morning ကိုသျှား"
"Morning ပါ မသူသူ။ ခြေထောက်က ဘယ်လိုနေသေးလဲ။"
သျှားအိမ် အလိုက်အထိုက်ပင် နှုတ်ဆက်ကာ သတင်းမေးလိုက်ပါသည်။
"အင်း.. ကောင်းသွားပါပြီ။ ဆရာဝန်က ဟန်ချက်ပျက်သွားတုန်း ခြေကျင်းဝတ်ကို လိမ်လိုက်သလိုဖြစ်သွားလို့တဲ့။"
"ဪ...ဪ.."
သျှားအိမ်ခေါင်းညိတ်ပြလိုက်သည်။ သူသူ့ကို မနေ့က ကိစ္စပြီးကတည်းက သူ စိတ်ကွက်မိပါသည်။ သူမ၏ ကလေးဆန်ဆန်အပြုအမူများကိုလည်း စိတ်ပျက်မိသည်။ ထို့ကြောင့် သူမကို ခပ်တန်းတန်းဆက်ဆံရန်သာ ဆုံးဖြတ်လိုက်ပါသည်။ သူသူကတော့ အတန်ကြာတိတ်ဆိတ်နေရာမှ မရဲတရဲဖြင့် သူ့ကိုကြည့်ကာ...
"မနေ့က ကိစ္စအတွက် ဒေါ်လေးအစား တောင်းပန်ချင်လို့...။ ဒေါ်လေးကလေ သူသူ့အတွက်အရမ်းစိုးရိမ်ပြီးတော့ စကားပြောတာ နည်းနည်းလွန်သွားတယ်။ အဲ့ဒါ..."
"ဟင်... မသူသူရဲ့ ဒေါ်လေးက မပါလာဘူးလားဟင်။"
သျှားအိမ် တမင်ပင်မေးလိုက်ပါသည်။ ထိုဘွားတော်မှာ သူ့ရှေ့တည့်တည်တွင်ထိုင်ကာ သူမဟာသူမ ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေပါသည်။
"ပါပါတယ်။"
သူသူက ဘာလို့လဲဆိုသည့် ပုံစံဖြင့်ဆိုလာလျှင် သျှားအိမ် သူမကို စူးစူးစိုက်စိုက်ကြည့်ကာ...
"ဒါဆို ဘာလို့ မသူသူက သူ့ကိုယ်စားလာတောင်းပန်နေတာလဲ။"
"အဲ့ဒါကလေ..."
သျှားအိမ်တမင်ပင် ပြောထည့်လိုက်ပါသည်။ သောက်ရေးမပါတာတွေ။ တကယ်တောင်းပန်ချင်ရင် ကိုယ်တိုင်လာတောင်းပန်ပါ့လား။ နောက်ပြီး ဘာမဟုတ်သည့် ကိစ္စလေးကို ပုံကြီးချဲ့ကာ တစ်လောကလုံး ငါပိုင်သည်ဆိုသော သဘောနှင့် ရှိသမျှလူအားလုံးကို သူ့ကျွန်များလို အော်ငေါက်ရိုင်းပြစွာ ဆက်ဆံပြီးမှ sorry ဆိုတာကြီးကို သူလက်ခံလို့မရပါ။ သဘောထားသေးသိမ်သည်ဟုပဲဆိုဆို လူကိုယ်တိုင်လာတောင်းပန်လည်း ဂရုစိုက်မည်မဟုတ်။