Chapter 27
51.7K 3.8K 665
>>>>>Unicode<<<<<<
မိုင်းမိုင် လှေကားမှဆင်းလာသော ဦးလေးဖြစ်သူကိုကြည့်ကာ စားလက်စ မုန့်ဟင်းခါးပင် နင်သွားရသည်။ သျှန်နောင်ကား ဂျင်းဘောင်းဘီအနက်ရောင်နှင့် အခဲရောင် ကိုယ်ကျပ် V-neck T-shirt တစ်ထည်ကို ဝတ်ဆင်ထားပြီး ဆံပင်များက ဖရိုဖရဲဖြင့်။ သူ့ပုံက club တခုတွင် သွားကဲမည့် လူငယ်တစ်ယောက်နှင့် တူနေသည်။
"ဘုရား... အနောက်အရပ်ကများ နေထွက်တော့မလို့လား။"
လေးနောင်ကို ဤကဲ့သို့သော ပုံစံဖြင့် မြင်ရခဲသည် မဟုတ်ပါလား။
"လေးနောင် ဘယ်လဲ။"
"မိတ်ဆွေ တစ်ယောက်နဲ့ ချိန်းထားလို့"
"လေးနောင် ဆိုင်မသွားဘူးလား။"
"ဟင့်အင်း..."
"လက်ထဲက ဘာလဲ"
မိုင်းမိုင် လေးနောင်လက်ထဲမှ အနီကျားနှင့် စက္ကူအိတ်ကလေးကို လက်ညိုးထိုးကာ မေးလိုက်ပါသည်။
"လက်ဆောင်.."
"မဟုတ်မှလွဲရော.... "
မိုင်းမိုင် ပြော၍မှ မဆုံးသေး တံခါးဝမှ အသံကြား၍ လှမ်းကြည့်လိုက်တော့ ဟိုလူကြီး!!! လေးနောင်ကဲ့သို့ပင် jeans နှင့် V-neck T-shirtကို ဝတ်ဆင်ထားသည်။ တစ်ခုပဲကွာခြားသည်မှာ လေးနောင်၏ T-shirtက ခဲရောင် ထိုသူ၏ T-shirt က အနက်ရောင်၊ လေးနောင်၏ jeans က အနက်ရောင်၊ ထိုသူ၏ jeans က ခဲရောင်။ ထိုသို့ အထက်အောက်အရောင်လွဲဝတ်သည့်တိုင် couple ဝတ်ထားသည်မှာ ငြင်းမရ။
"ဪ... ကိုသျှားအိမ် ရောက်ပြီလား။"
သျှန်နောင် သူ့ရှေ့တွင် ရပ်နေသော ကိုလူချောကို ပြုံးပြလိုက်ပါသည်။
"အင်း... ကိုသျှန်နောင် ready ပဲလား။"
သျှားအိမ် သျှန်နောင်၏ အပြုံးနုနုကို နှစ်လိုသောအပြုံးဖြင့် တုန့်ပြန်လိုက်ပါသည်။
"အင်း.."
"ဒါဆို သွားကြစို့လေ။"
"အင်း..."
မိုင်းမိုင်မှာ ဦးလေးဖြစ်သူနှင့် ထိုလူတို့၏ ပန်းများဝေ၍ ပျားပုတုန်းများ၊ လိပ်ပြာများ ပျံဝဲနေသော အကြည့်များကြောင့် အသည်းတယားယား။ ဒါက သာမာန်မိတ်ဆွေတွေ??? ဟိုလူကြီးကလည်း ဦးလေးကိုသာလိုချင်တာ တူဖြစ်သူကိုတော့ သောက်ဖက်ပင်မလုပ်။ တကယ်တည်း အိမ်ပေါ်တက်လာကတည်းက လေးနောင်ထံမှ မျက်စိကမခွာ။ လေးနောင်ကလဲ ထိုလူနှင့် ထူးမခြားနား။ ယခုလဲ ထိုလူနှင့် ထွက်သွားတာများ သံလိုက်နှင့် တွေ့သည့် သံတိုသံစလေးနှင့်တောင်တူသေး။ တူဖြစ်သူကို နှုတ်ဆက်ဖို့နေနေသာသာ လှည့်၍ပင်မကြည့်။ ဟင်း... ဦးလေးကို နှိုက်မြည်းချင်သည့် ကောင်များ၏ ရန်မှ တစ်သက်လုံး ကာကွယ်လာသော မိုင်းမိုင်ကို ဒီလို ပလပ်ထားလို့ရရောလား။ ရသမျှလိုက်နှောင့်ယှက်နိုင်မှ တော်ရာကျမည်။