Chapter 28
46.1K 3.4K 207
Warning ⚠️: Mature Contents (18+)
>>>>>Unicode<<<<<
သျှန်နောင် ညက တစ်ညလုံးအိပ်မပျော်နိုင်ပါ။ မေးခွန်းများစွာ၊အတွေးများစွာဖြင့် ချာချာလည်နေသောကြောင့်ဖြစ်သည်။ အဓိကတရားခံကတော့ သျှားအိမ်ပင်ဖြစ်သည်။ နေ့လယ်ကပင် ချစ်ရသောအမျိုးသမီးရှိကြောင်း ပြောခဲ့သည်။ နေ့မကူးခင် သူ့အား နမ်းရှိုက်လာသည်က ဘာသဘောလဲ။ သူ့အား ခပ်လွယ်လွယ်ထင်၍ လက်တည့်စမ်းခြင်း မဟုတ်မှန်း သူ ခိုင်ခိုင်မာမာသိနေသည်။ သို့ရာတွင် သူ့အား တိမ်းညွှတ်၍လည်း မဖြစ်နိုင်ဟု သူထင်သည်။ သျှားအိမ်လို ‌ယောက်ျားတစ်ယောက်က သူ့လို ‌ယောက်ျားချင်း တိမ်းညွှတ်တတ်သူတစ်ယောက်ကို စိတ်ဝင်စားသည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါ။
သျှားအိမ် သွားနေကြ Night Terror Club မှ သူ့အလုပ်သမားများအား သျှားအိမ်အကြောင်း မေးဖူးသည်။ အမြဲလိုလို မဒီတွေနှင့် ပူးပူးကပ်ကပ်ရှိတတ်ပြီး ချူးဝေနှင့် ငြိမလိုဖြစ်တာ အကြိမ်ကြိမ်။ နောက်ဆုံးတခါတွင် ချူးဝေနှင် ထိပ်တိုက်တွေ့ရာမှ သူနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အား စိတ်ဝင်စား၍ ဆိုတာ မဖြစ်နိုင်သလို အယုံအကြည်လဲမရှိပါ။ ထိုသို့ မယုံနိုင်အောင်လည်း ရှေ့တွင် သာဓကများစွာရှိခဲ့ဖူးပါသည်။ "မင်းတစ်ယောက်ကိုပဲချစ်တာပါ။ မင်းကိုပဲ တစ်ဘဝစာ လက်တွဲပါရစေ။" ဟုဆိုကာ အတည်အပေါက်ဖြင့် သူ့ကို ချဉ်းကပ်သမျှ ယောက်ျားတိုင်း နောက်ဆုံးတွင် တနည်းမဟုတ် တနည်းဖြင့် အဖျားရှုးသွားသည်ချည်း။ အနီးစပ်ဆုံး ဈာန်လင်းခန်ကိုသာ ကြည့်။ အစ၌ ဘယ်လိုပဲ ကတိတွေ အထပ်ထပ်ပေးခဲ့ပါစေ အဆုံးကျတော့ ပြောခဲ့သမျှအားလုံးကို ဘွာတေးခတ်ကာ တာ့တာပြသွားခဲ့သည်။ တကယ်တမ်း နာကျင်ရသူက သူသာ။ သျှားအိမ်ကိုလည်း ချွင်းချက်ထား၍ ယုံကြည်၍ မရပါ။
"ဒါဆို မင်းကကော...? သူ့ကို စိတ်မဝင်စားဘူးလား။"
သူ့ကိုသူ မေးခွန်းထုတ်လိုက်မိတော့ ဦးနှောက်က...
"အင်း... စိတ်ဝင်စားရုံက ပြဿနာမရှိပေမယ့် ချစ်မိရင် မင်းလောက်မိုက်တဲ့လူ၊ မင်းလောက် ‌ေ-ာက်မှတ်သည်းခြေမရှိတဲ့လူ ကမ္ဘာပေါ်မှာရှိမှာ မဟုတ်ဘူး။"