Chapter 34
62K 3.5K 473
Warning ⚠️: Mature Contents (18+)
>>>>>Unicode<<<<<
သျှန်နောင် ဒီနေ့အဖို့ ဆိုင်မသွားနိုင်ပြန်ပါ။ မနေ့က ဒဏ်ရာအနာဖေးမှ အနည်းငယ်ပြန်ဟသွားသဖြင့် အနားယူရန် ဆရာဝန်က မှာကြားထားသည်ဖြစ်ရာ မမိုးနှင့် ချူးဝေကိုသာ ဖုန်းဆက်၍ လက်လွှဲထားလိုက်ရသည်။ ကလပ်ဆိုတာ ဘာတွေ ဖြစ်နေပြီမှန်းတောင် မသိတော့။ သူသိတာ တခုကတော့ မင်းသုသျှင်ဆိုသော ကောင်လေးက နှစ်ရက်ခြားတစ်ခါလာသည်။ သူ့အားမတွေ့လျှင် ဖုန်းခေါ်သည်။ မရလျှင် text ပို့ထားတတ်သည်။ ထို့ကြောင့်သာ မင်းသုသျှင် ဆိုင်ရောက်နေမှန်းသိရခြင်းဖြစ်သည်။ သူ ဘယ်တော့မှ ဖုန်းမကိုင်သဖြင့် ကိုယ်တော်ချောလေး၏ miss call များဖြင့် ပြည့်နေသည်။ နောက်တစ်ခါ လူခြင်းတွေ့လျှင် ဆိုင်မလာဖို့ပြောရမည်။ အာရုံနောက်မခံနိုင်သလို ဦးမြတ်ဘုန်းလျှံ မပတ်သက်ချင်ပါ။ ဦးမြတ်ဘုန်းလျှံဆို၍ တေဇကို သတိရသွားကာ ဖုန်းခေါ်လိုက်သည်။
"ပြော.... "
"ကိုတေဇ ခင်ဗျားမသေဘူးပဲ။"
"အေး... မသေသေးဘူး။ သေဖို့နီးနေတာက မင်း။ ဟိုဘိုးတော်က သူ့ပစ္စည်းတွေ အသိမ်းခံရအောင် လုပ်တဲ့အမှုနဲ့ မင်းကို ဆွဲစိချင်နေတာ။"
"ဪ... ဒီလောက်ကောင်းတဲ့ information ရထားတာ ကျွန်တော့်ကို မပြောဘူး။ ဘာလဲ ခင်ဗျားကပါ ကျွန်တော့်ကို သေစေချင်တာလား။"
အမှန်ကတော့ ဒီကိစ္စ အားချင်းပြောလို့ သိပြီးသားဖြစ်သည်။ တေဇကို ရစ်ချင်ရုံသက်သက်သာ။ ဒါကို တေဇလည်းသိပါသည်။
"ဒါပေါ့ မင်းလို ဆန်ကုန်မြေလေး သေတာပဲအေးတယ်။"
"သိပ်မေတ္တာမပို့နဲ့ဗျ။ တော်ကြာ ခင်ဗျားရဲ့ မေတ္တာတွေစူးပြီး အသက်ရှည်နေဦးမယ်။ အဟားဟား...."
"ခွေးမသား... တော်တော် အူရွှင်နေတယ်။ ကြည့်လုပ် ငိုရတတ်တယ်။"
"ခင်ဗျား သေမှာမို့ ငိုရမှာလား။"
"မအေပေး... ပြော... ငါ့ကို ဘာကိစ္စနဲ့ ခေါ်တာလဲ။ ချစ်လွန်းလို့တော့ မဟုတ်ဘူးမဟုတ်လား။"
"အဟား.... ကျွန်တော်မှာ ဒီလောက်ပြီးပြည့်စုံတဲ့ ချစ်သူရှိတာ ခင်ဗျားလို မြေခွေးအိုကြီးကို စိတ်ကူးထဲတောင်မထည့်ဘူး။ ခင်ဗျားက အားချင်းကိစ္စပြီးထဲက ပျောက်သွားလိုက်တာ လိုဘပြည့်သွားတဲ့ မယားငယ်ကျနေတာပဲ။ ကျွန်တော်ကို နိုင်ထူးကိစ္စ update တောင် မပြောဘူး။"