Chapter 40
46.2K 3.1K 158
>>>>>Unicode<<<<<
ယနေ့မှ ဆိုင်ပြန်ဖွင့်သဖြင့် သျှားအိမ်ရော ကျန်သောဝန်ထမ်းအတော်များများပါ ကိုယ်စီကိုယ်ငှ အလုပ်များနေကြသော်လည်း တက်ကြွနေကြသည်။ ခခကတော့ သီချင်းလေးတညည်းညည်းနှင့်။ ဆိုင်ပိတ်တုန်းက ဘာလုပ်နေသည်ဆိုသည်ကို တိုးငယ်ကို တစ်ချက်တစ်ချက် ဖောက်သည်ချနေသေးသည်။ သျှားအိမ်ကတော့ မျက်နှာကြက်တွင်တပ်ဆင်ထားသော စပီကာမှတဆင့်ကြားနေရသော သီချင်းကို လိုက်ညည်းကာ pick-up order တခုကို decoration လုပ်နေသည်။
"Boss ဒါနဲ့ ကြားပြီးပြီလား။ ဟိုရှေ့က ကိတ်မုန့်ဆိုင်အကြောင်းကို?"
ခခက သတိရသွားဟန်ဖြင့် သျှားအိမ်အား မေးလိုက်သည်။ သျှားအိမ်က မသိသလိုဖြင့် ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း"
တိုးငယ်ကတော့ စိတ်ဝင်တစားဖြင့်...
"ဘာဖြစ်လို့လဲ"
"အဲ့ဒီ့ဆိုင်က တို့ဆိုင်ကို မပိတ်၊ ပိတ်အောင် ဟိုလူတွေလွှတ်ပြီး လုပ်ခိုင်းတာတဲ့။ ဒါပေမယ့် လုပ်တုန်းကလုပ်ခိုင်းပြီး ပိုက်ဆံမပေးလို့တဲ့ အဲ့ဒီ့ဆိုင်ကို ဖျက်ဆီးတာ ရစရာမရှိဘူးဆိုပဲ။ အခု အဲ့ဒီ့ဆိုင် ပိတ်ရတော့မယ်တဲ့။"
သျှားအိမ်ကတော့ ကျေနပ်စွာ ကျိတ်ပြုံးလိုက်သည်။ တိုးငယ်ကတော့ ဝမ်းသာအားရဖြင့်...
"ကောင်းတယ်။ သူများကို မကောင်းကြံတာကိုး။"
ထိုစဉ် နှင်းနှင်း ဝင်လာပြီး...
"Boss... အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေတယ်။ ကိုသျှန်နောင်ရဲ့ အစ်မတဲ့..."
"ဪ... လာပြီလို့။ ကော်ဖီနဲ့ မုန့်နဲ့ဧည့်ခံထားပေးပါ နှင်းနှင်း။"
သျှားအိမ် လုပ်လက်စအလုပ်ကို လက်စသတ်ကာ အရှေ့သို့ ထွက်လာလျှင် အနီရောင် ဒူးဖုံးဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦးက ဆိုင်ထောင့်တစ်နေရာရှိ ခုံလေးတွင် စတိုင်ကျကျထိုင်စောင့်နေလေသည်။ သျှန်နောင်၏ အစ်မပီသသည်ဟု ပြောရမလားမသိ။ ဆိုင်ထဲတွင်ရှိသမျှ ‌ယောက်ျား၊ မိန်းမတို့၏ မျက်လုံးများက သူမ၏ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းများနှင့် ဆွဲဆောင်မှုပြင်းလှသော မျက်နှာလှလှပေါ်တွင် ရစ်ဝဲနေသည်။ သူမ သူအား မြင်လျှင် မနှစ်မြို့သလို တစ်ချက်ကြည့်ကာ ကော်ဖီကို တစ်ချက်ငုံ့သောက်လိုက်သည်။