Chapter 41
48.1K 3.1K 305
>>>>>Unicode<<<<<
သျှန်နောင် ဒီနေ့လို မနက်မျိုးကို ရုတ်တရက် အသားမကျနိုင်သလို မနှစ်မြို့သလို ခံစားရသည်။ ယခင်ကဆိုလျှင် မနက်နိုးနိုးခြင်း အနမ်းခြွေစရာ ချစ်သူ၏ မျက်နှာချောချောက အသင့်။ အပျင်းတက်၍ မထချင်လျှင်တောင်မှ နှပ်နေစရာရင်ခွင်ကျယ်က နဘေးတွင်ရှိနေတတ်သည် မဟုတ်လား။
ယခုတော့ နိုးလာသည်နှင့် ဘေးတွင် အေးစက်၍ ဗလာကျင်းနေသည့် အိပ်ရာ။ ဒီကြားထဲ အခန်းကြီးက ရုတ်တရက်ကြီး ပို၍ ကျယ်လွင့်နေသယောင်ယောင်။ အချိန်ကြည့်တော့ မနက် ၅ နာရီ။ တော်တော်စောသေးသည်။ သို့သော် ဒီအတိုင်းဆက်၍ လှဲနေလျှင် သူ depression ဝင်သွားနိုင်သည်။ ဘာလုပ်ရမှန်းမသိ။ ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ဖုန်းထံ မျက်စိရောက်သွားသည်။ သူ့ကိုသူ မသိလိုက်ခင်မှာပင် ချစ်သူထံ Message ပို့ပြီးသွားပြီ ဖြစ်သည်။
"Morning မောင်"
"Send" ဟူသော ခလုတ်နှိပ်ပြီးမှ ရွပိုးထိုးနေသော သူ့အဖြစ်ကိုသူ သတိရသွားကာ ထုရိုက်ချင်လာသည်။ သူများအိပ်နေသည့်အချိန် အိပ်မရလို့ ချစ်သူထံ message ပို့သည်ဆိုသည်မှာ အတော့်ကို ကလေးဆန်လွန်းသောကိစ္စ။ ဒီအရွယ်ကြီးရောက်မှ ဆယ်ကျော်သက်လေးတစ်ယောက်လို ပြုမူနေသော ကိုယ့်ကိုယ်ကိုယ်ကို နားမလည်တော့။
တချိန်တည်းမှာလိုလိုပင် ချစ်သူအတွက်သာ သတ်မှတ်ထားသော message alert ကြောင့် ကြည့်လိုက်တော့...
"Morning Baby."
သူ "ဟင်" ခနဲ ဖြစ်သွားရသည်။ ချစ်သူလည်း နိုးနေသည်ပဲ။ တွေးတုန်းရှိသေးသည် သျှားအိမ်ထံမှ ဖုန်းဝင်လာတော့သည်။
"ဟဲလို မောင် နိုးနေပြီလား။"
"အင်း.... တညလုံးကောင်းကောင်း အိပ်မရဘူးလေ။ Baby လည်း နိုးပြီဆိုရင် မောင်နဲ့ မနက်စာစားရအောင်။ ဆိုင်က စောင့်နေမယ်။"
"အင်း... "
"ဒါဆို ဒါပဲနော်။ ချစ်တယ် ချစ်သူ။"
"ချစ်တယ် မောင်"
သျှန်နောင် ဖုန်းချသည်နှင့် ချက်ချင်းပင် အလူးအလထကာ သွားတိုက်ရန် ရေချိုးခန်းဆီသို့ ပြေးခဲ့တော့သည်။ ဒီအိမ်က မြန်မြန်ခွါမှ!!