ငယ်ဖန်ဆင်းတဲ့ရင်ခုန်သံ(Ep-7)

4.1K 277 3
                                    

[Zawgyi]

ချစ်ကြိုးငယ် သင်တန်းကိုမလာတော့မှာသေချာ
နေတော့ သွန်းစိတ်မ ကောင်းဖြစ်နေမိသည်။
သင်တန်းမှာ တပည့်တွေအားလူံးသွန်းရွှေရည်ကို
မော့မကြည့်ရဲ စူးစူးစိုက်စိုက်သင်ကြားလာကြသည်။အကျိုးတော့ရှိပါရဲ့...ခက်နေတာက
သွန်းရင်ထဲမှာထိခိုက်နာကျင်နေသလို ဘာကြောင့်များလဲ
တို့ မင်းပေါ်အရမ်း ရက်စက်မိပြီထင်တယ်ကွယ်...

"သွန်း.."

"ဟင်..."

"ကြည့်စမ်း...သွန်း သင်တဲ့သင်တန်းကနာမည်အရမ်း
ရတာဘဲ စည်းကမ်းလဲရှိတယ် ငြိမ်သက်နေတာပဲ ဟိုကောင်မလေးမလာတော့ဘူး
မဟုတ်လားနမှုနာဘဲလေကွာ.."

သင်ခ ပြောနေတဲ့စကားတွေကမှန်ပင်မဲ့
သွန်းမထောက်ခံမိ။ချစ်ကြိုးငယ်ဘာတွေဖြစ်နေပြိလဲ ...
ချစ်ကြိုးငယ်နဲ့ပတ်သတ်ပြိး သင်ခပြောနေတာမနှစ်သက်။သူသဘောကြခဲ့တဲ့ယောကျာ်သားက သင်ခ။
လက်ထက်ပို့ထိ စဉ်းစားထားသူ သင်ခကအ
ရမ်းကြိုးစားသူ ချမ်းသာသောသူ အရာအာလူံး ပြည်စုံအောင်နေထိုင်တက်သူဖြစ်သည်။
သွန်းစိတ်တွေထူးထူးဆန်းဆန်း မင်းကို
ိုဘဲမြင်နေတယ်ကွယ်....တကယ်ကို
မင်းကြိုးစားချင်နေတယ်ဆိုရင်တော့
သူအကျင့်စရိုက်တွေ ကိုပြုပြင်ပေးချင်တယ်။

သွန်းရွှေရည်သင်တန်း ပြိးတော့ဘသင်ခကိုအ
ကြောင်းတစ်ခုပြထားခဲ့ပြီး ရွှေတိဂုံရင်ပြင်ပေါ်
တစ်ယောက်ထဲထွက်လာမိသည်။
မင်းနဲ့နေ့ချင်လာတူနေတယ်နော် တို့မင်းကိုတွေ့ချင်တယ်ချစ်ကြိုးငယ်...
သောက်ကြာထောင့်ရောက်တော့ သွန်းမျက်ဝန်းတွေပြာဝေသွားပြီး
ချစ်ကြိုးငယ် ရှိနေသည်။တိုင်ကိုမှီကာ
စာအုပ်ဖတ်နေတဲ့ သူ့နားဝင်ထိုင်မိသည်။

"ဟင်...မမ အယ်...တီချယ်.."

"မင်း ရှိနေတာလား.."

"ဟုတ်..."

"မင်း..ဘာလို့သင်တန်းကထွက်ရတာလဲ"

"ရပါတယ်တီချယ်...ငယ်လိုသူက ဒိသင်တန်းမှာမရှိသင့်ပါဘူး.."

ချစ်ကြိုးငယ်လက်မှာ လက်စွပ်ဝတ်ထားတာကို သွန်းရွှေရည်မနစ်သက် ဘယ်ကရတာလဲ ယခင်ကသူသတိထားမိတဲ့ချစ်ကြိုးငယ်က
လူလေးသာလှပြီး ငွေးကြေးချို့တဲ့တဲ့သူဘာ
ဒိကြားထဲ phoneလာတော့ သူမထုတ်ပြီး
နားထောင်သည်။

ငယ်ဖန်ဆင်းတဲ့ရင်ခုန်သံWhere stories live. Discover now