Chapter 46
45.6K 2.9K 124
>>>>>Unicode<<<<<
"Good morning"
သျှန်နောင်မှာ မျက်လုံးဖွင့်လျှင် ဖွင့်ချင်းမြင်လိုက်ရသော ချစ်ရသူ၏ မျက်နှာက သူ့ ခန္ဓာကိုယ်တခုလုံးအား အားအင်သစ်သွန်းလောင်းလိုက်သလို လန်းဆန်းတက်ကြွစေသည်။ သျှားအိမ်က ဘေးတိုက်အနေအထားဖြင့် လက်ထောက်ကာ နံနက်ခင်း နေရောင်ခြည်ထက်ပင် တောက်ပနွေးထွေးလှသည့် ထိုအပြုံးချိုချိုတစ်ခုဖြင့် သူ့အား ကြည့်နေလေရဲ့။ ထိုချောမောသော မျက်နှာက မြတ်နိုးမှုတို့ဖြင့် လင်းလက်၍ နေသည်။
"morning မောင်"
သူ့အား မျက်လုံးလေးဖွင့်ကာ ပြန်နှုတ်ဆက်လိုက်ပြီး ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြန်နှပ်နေသော ထိုကလေးကြီးကြောင့် သျှားအိမ်၏ အပြုံးတို့သည် အရယ်သို့ ကူးပြောင်းသွားရ၏။
"ထတော့လေ Baby။ မနက် ၇နာရီတောင် ထိုးနေပြီ။"
"အင်းပါ။ ခဏလေးပါ။"
ရင်ခွင်ထဲ လူတကိုယ်လုံးရောက်နေတာတောင် မကျေနပ်နိုင်သေးသလို ပို၍ တိုးဝင်နေသေးသော အနှီးလူသား၏ ဆံပင်ခပ်ဖွာဖွာလေးကို ဆွဲဖွဖွလိုက်ကာ...
"ငပျင်းလေး..."
သျှန်နောင်က ထိုမှတ်ချက်ကိုမကြားဟန်ပြုကာ ချစ်သူ၏ ရင်အုပ်ပေါ်တွင် မျက်နှာအပ်ကာ ဇိမ်ယူနေ၏။ သျှားအိမ်လည်း ချစ်သူကို အလိုလိုက်သည့်အနေဖြင့် ငြိမ်ငြိမ်သက်သက်ပင် ကြည့်နေလိုက်ပါသည်။ အတန်ကြာမှ သျှန်နောင်က သျှားအိမ်၏ မျက်နှာအားမော့ကြည့်လာပြီး...
"ညက မောင့်အကြောင်း အိပ်မက်မက်တယ်။ လူတွေက တုတ်တွေဓါးတွေနဲ့ ကိုတို့နောက်လိုက်လို့ ပြေးရတယ်တဲ့။ သိပ်မကြာဘူး ကိုတို့ကို မိသွားတယ်ရော။ ပြီးတော့ မောင်က မိန်းမယူရမို့ အဲ့ဒီ့လူတွေက အခန်းမလို နေရာတခုကို အတင်းခေါ်သွားတယ်တဲ့။ ကို့မှာ နောက်ကလိုက်ရတာ အသက်တောင်မရှူနိုင်ဘူး။ အဲ... နောက်တော့ ဘယ်ကနေ ဘယ်လို မောင် ပြန်ရောက်လာလည်းမသိဘူး။ ကို့ကိုဆွဲပြီး ပြေးရပြန်ရော... ဟူး..."
သျှန်နောင်ခမျာမှာ တပြေးတည်းပြေးနေရသော အိမ်မက်ကြီးကို ပြန်ပြောင်းပြောရင်းမှ မောမောနှင့် သက်ပြင်းချလိုက်မိပါတော့သည်။