Chapter 49
35.8K 2.7K 112
>>>>>Unicode<<<<<
မနက်ကတည်းက ဘာဖြစ်နေမှန်းမသိ။ သျှန်နောင်မှာ ပြဿနာက သူ့နောက် တောက်လျှောက်လိုက်နေသလို ခံစားရသည်။ ပြောရမည်ဆိုလျှင် သျှားအိမ်၏ ဆိုင်ကို ရောက်ကတည်းက စသည်။ ဆိုင်အဝင်ဝရှိ ခေါက်တံခါးကို ပုံမှန်ဖွင့်နေကြအတိုင်း ဖွင့်လိုက်ပါသည်။ တံခါးက အချပ်လိုက် ပတ္တာမှပြုတ်ထွက်သွားသည်။ ကိုယ့်ချစ်သူဆိုင်မို့သာ တော်တော့သည်။
တဖန် ရေသောက်နေရင်းမှ အကြောင်းမရှိ ရေနင်သည်။ ဒါပဲလားဆို့တော့...။ မဟုတ်။ ကားရှိရာဆီသို့အလာ မြေပြောင်ပြောင်တွင် ခလုတ်တိုက်ကာ ဖိနပ်ပျက်သွားသည်။ ဒါက အသေးအမွှား။
ဆိုင်ရောက်ပြန်တော့ တစ်နေ့လုံးနီးပါး ကကျိုးကကြောင် customer များ၏ ပြဿနာကို ဖြေရှင်းနေရသည်။ တစ်ဦးက ငါးချိုချဉ်မှာပြီး အစပ်မပါလို့ဆိုပြီး ပြဿနာရှာသည်။ တစ်ဦးက ထမင်းကြော်က ဆီများလွန်းသည်ဟုဆို၍ ကြည့်မိတော့ လေတိုက်လျှင်တောင် လွင့်မှာကြောက်ရသည့်အနေ။ တစ်ဦးက တုံယမ်းဟင်းကို ချဉ်သည်စပ်သည်ဟု ပြောပြန်သည်။ ထို့ကြောင့် အစပ်သိပ်မစားသော မမိုးမြည်းခိုင်းတော့ customer က သူ့ကိုမယုံရကောင်း ဘာညာဆိုကာ သောင်းကျန်းသဖြင့် မနည်းတောင်းပန်ရသည်။ ယခုလည်း သူ့ကားရှေ့တွင် တုတ်ကိုယ်စီဖြင့် ရပ်ကာ သူ့အား ကားပေါ်မှ ဆင်းလာရန်ခေါ်နေသော အနှီးဆိုက်ကားသမားများကို စိတ်ပျက်စွာဖြင့် ကြည့်နေမိပါတော့သည်။
"ဟေ့လူ... ခင်ဗျား လူလိုသိ"
"ကြာတယ်ကွာ။ ဝိုင်းရိုက်ကွာ..."
"ကိုယ်ပိုင်ကား စီးတယ်ဆိုပြီး လူပါးဝတာ..."
စသည်ဖြင့် တစ်ယောက်တစ်ပေါက်ပြောနေသည့်လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်ပါသည်။ ဖြစ်ပုံမှာ တစ်လမ်းမောင်းသာသာရှိသော လမ်းကို လမ်းလုံးပြည့်မောင်းနေသော ဆိုက်ကားသမားကို ဘေးချမောင်းရန် ဟွန်းတီးရာမှ စသည်ပြောရမည်။ သူက ဟွန်းတီးလျှင် ထိုလူက ဘေးချပေးသလိုနှင့် ဘေးကို အသာကပ်လိုက်ပြီး သူက ဖြတ်ကျော်လိုက်လျှင် သူ့ကားက ပွတ်မိဟန်ဖြင့် ဆိုက်ကားကို မှောက်ချလိုက်သည်။ ထိုအချိန်တွင် ဘယ်ကတည်းက စောင့်နေမှန်းမသိသော လူတစ်စုက သူ့အားတား၍ အခြေအနေကို ရပ်ကြည့်နေခြင်းဖြစ်သည်။