အပိုင်း (၂၂၀) " ဖုံးကွယ်ထားသော လှုပ်ရှားမှု "

594 71 2
                                    

အပိုင်း (၂၂၀)
" ဖုံးကွယ်ထားသော လှုပ်ရှားမှု "
Translator: Sparrow Translations Editor: Sparrow Translations
...

ယန်မြို့တော် တော်ဝင် နန်းတော် ၊ စာကြည့်ဆောင် တံခါးရှေ့မှာတော့ နဂါးစစ်သည်တော် တပ်ဖွဲ့ကြီးဟာ ရပ်တန့်စောင့်ဆိုင်းနေကြတယ်။ မိုးသက်မုန်တိုင်းတွေဟာ သူတို့ အပေါ် ပြင်းထန်စွာ ရိုက်ခတ်နေပင်မယ့်လည်း သူတို့ဟာ တောင် တန်းကြီးများသဖွယ် ယိမ်းယိုင်ခြင်း အလျဉ်းမရှိ မားမားမတ်မတ် ရပ်စောင့်နေခဲ့ကြတယ်။

ခ၇မ်းေ၇ာင် ရုံးတော်သား ၀တ်စုံကို ၀တ်ထားပြီး ဖီးနစ်ငှက် တစ်ကောင်လို တောက်ပလှတဲ့ မျက်လုံးရှိသူ အသက်လေးဆယ်ခန့် လူကြီး တစ်ဦး အဝေးက လျှောက်လှမ်းလာတာကို မြင်ချိန်မှာတော့ နဂါး စစ်သည်တော် တွေ ရဲ့ အမူအယာဟာ လေးစား ဟန် အသွင်ကို ပြောင်းသွားခဲ့တယ်။ သူတို့ အနားကို လူကြီး နီးကပ်လာချိန်မှာတော့ ဦးညွှတ်လိုက်ကြတယ်။

" သခင် ဟို့"

နဂါး စစ်သည်တော် တွေ ဟာ လက်၇ှိ ဧကရာဇ် ရဲ့ အမိန့်ကိုသာ နာခံ ကြသူ တွေ ဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ေ၇ှ့က လူကိုတော့ အတော်လေးကို လေးစားသမှု ရှိရတယ်။ ဒါဟာ သူ့ရဲ့ အမိန့်အာဏာ သက်ေ၇ာက်မှု နဲ့ မသက်ဆိုင်ဘူး။

ဘာကြောင့်လဲ ဆိုတော့ အကယ်၍ သူတို့ေ၇ှ့မှာသာ မင်းသား တစ်ပါး ရှိနေရင် ဓားကိုင်ထားတဲ့ လက်တွေ ကိုတောင် ချမှာ မဟုတ်ဘူး။

ဒါပေမယ့်လည်း အခုလူကြီးကတော့ ကွဲပြားတယ်။ ဒီသူဟာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်နတ်ကျောင်းတော်ကို အုပ်ချုပ်သူ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အပြင်၊ မင်းဆက်ကို အဓိက အထောက်အပံ့ ပြုထားတဲ့ မဏ္ဍိုင်တစ်ဦးလည်း ဖြစ်တယ်။ လက်ရှိ ဧကရာဇ် ရဲ့ သွေးသောက် ညီအကို တစ်ဦးလည်း ဖြစ်တယ်။

စစ်နတ်ကျောင်းတော်ရဲ့ ရှင်းဟို့ ၊ ရှင်းယွမ်ကောင်း ။

ရှင်းယွမ်ကောင်းဟာ နဂါး စစ်သည်တော် တပ်ဖွဲ့ ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်တယ်။ သူ့ရဲ့ ဖီးနစ်မျက်လုံးတွေထဲမှာတော့ မှိန်ဖျော့ဖျော့ အလင်း တစ်ခု တောက်ပနေ ခဲ့တယ်. ။ နဂါး စစ်သည်တော်တွေ ယန်မြို့တော်ကို ပြန်လာရတဲ့ အကြောင်း ကို သူကောင်းကောင်း သိတယ်။ ဒါကြောင့် မေးမြန်းခြင်း တစ်ခွန်းမှ မလုပ်တော့ဘူး။
သူဟာ စစ်ဦးစီး ဗိုလ်မှူးချုပ် တစ်ဦး ဖြစ်ပြီးတော့ စစ်အရှင် တစ်ပါးလည်း ဖြစ်တယ်။ သူ့ရဲ့ တာဝန်ဟာတော့ နိုင်ငံ ကို ကာကွယ် ဖို့ပဲ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံကိုသာ ကာကွယ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၂ နတ္ဘုရားမုခ္ဝ အတြဲ၂ (201-355)Donde viven las historias. Descúbrelo ahora