Part 4 ( ကျေးဇူးကြွေး)

5K 645 19
                                    

"ချီယွမ်....ချီယွမ်..... "

အပြင်ဘက်မလှမ်းမကမ်းမှအော်သံကြောင့်
ချီယွမ် လန့်နိုးလာခဲ့သည်။ချွေးများစိုရွဲနေသည်မှာသူငုတ်တုတ်ထထိုင်လိုက်သည်နှင့် သစ်သားကြမ်းခင်းသည် ရေစိုနေသည့်နှယ်အကွက်လိုက်ကျန်နေခဲ့၏။ညက ဖျားနေသည့်အရှိန်ကြောင့်
အတော်ညနက်သည်ထိ သူမအိပ်နိုင်ခဲ့ပေ။ယခုအိပ်ပျော်သွားသည်မှာမည်သည့်အချိန်ပင်ရောက်နေသည်ကိုသူမခန့်မှန်းနိုင်ချေ။

ချီယွမ် အပြင်ဘက်ရှိအသံကြောင့်
ချွေးတို့ကို လက်ဖြင့်သုတ်လိုက်ပြီး အပြင်ဘက်သို့ထွက်လာလိုက်သည်။ထိုသူကိုကြည့်ရသည်မှာ အလွန်အရေးကြီးနေသည့်ပုံစံပင်။

ချီယွမ်က အနည်းငယ်အားနည်းနေသောကိုယ်ခန္တာအား တောင့်ခံထားရင်းထိုသူ၏ရှေ့တွင် ရပ်ကာမေးလိုက်သည်။

"ယုံးလီ.... ဘာဖြစ်လို့လည်းကွ..."

ထိုသူက သူ့အား ထစ်ထစ်အအဖြင့် တဖက်ကိုလက်ညိုးထိုးကာပြောနေသည်။

" ရှောင်ကျူး...ရှောင်ကျူး... ရှောင်ကျူးလေ.."

ချီယွမ်က ထိုအသံကိုကြားတော့
ယုံးလီရဲ့ ပုခုံးနှစ်ဖက်ကို
ဆွဲကိုင်ကာ မေးလေသည်။

"ဘာဖြစ်လို့လည်း...ရှောင်ကျူးဘာဖြစ်လို့လဲ။.."

" ရှောင်ကျူးကို အမတ်ကြီးအိမ်ကလာဖမ်းသွားတယ်...သူ့သားကိုအပြစ်လုပ်မိလို့တဲ့.."

"ဘာ....."

ချီယွမ်က ယုံးလီကိုပင်ဂရုမစိုက်နိုင်တော့ပဲချက်ချင်းပြေးထွက်သွားလေတော့သည်။ ထိုကောင်လေးကမူ ထိုနေရာတွင် အမောဖြေရင်းကျန်နေခဲ့၏။

.......................................

အိမ်၏ပုံစံလေးမှာ ဝါးကိုသာအဓိကထားပြုလုပ်ထားသည့် အိမ်ငယ်လေးတစ်လုံး​ဖြစ်ပြီး အစာခြောက်အချို့နှင့် ယာဂုပြုလုပ်ရန် ပြောင်းဖူး နှင့်အချို့ အသီးများကိုအိမ်တိုင်နှင့် ဝါးနံရံလေးတို့တွင် အတန်းလိုက်ချိတ်ဆွဲကာထားသည်။

ချီယွမ်ရောက်တော့ ထိုအိမ်ရှေ့အပေါက်ဝတွင်ထိုင်ကာ ဝမ်းနည်းပက်လက်ငိုနေသည့်ရှောင်ကျူး၏ မိခင်အားတွေ့ရသည်။

The Deal With A Demon King Where stories live. Discover now