အပိုင်း - ၃ (Zawgyi + Unicode)

27K 2.9K 155
                                    

#For Zawgyi

မမပြန်လာတဲ့နေ့ကတည်းက မမသွားချင်ရာကို ကားမောင်းပို့နေရသဖြင့် သူ ဆိုင်ကိုမရောက်တာ နှစ်ရက်လောက်ရှိပြီ ။ ဒီနေ့တော့ သွားမှရမည် ။

ဆိုင်ရောက်လို့ကတော့ နှစ်ရက်လောက် ဆိုင်ကို ပစ်ထားသည့်အမှုနှင့် သူငယ်ချင်းဖြစ်သူ ဗညား၏ သဟောက်သဟဲပြုမှုကို ခံရပေဦးမည်မှာမလွဲ ။

အင်း...ဒီကောင်ကြီး ကြိုက်တတ်တဲ့ မုန့်လေး ဘာလေး ဝယ်သွားဦးမှပါ ။ အတွေးနဲ့အတူပြုံးရင်း အဝတ်လဲဖို့ ဗီရိုတံခါးကိုဖွင့်မိတော့.....။

အက်ႌေလး.......။ တိတိကျကျပြောရရင် သူမဝတ်ဖြစ်လိုက်တဲ့ ဒေါက်တာ ဆက်စေဓနရဲ့ အင်္ကျီလေး ။

တစ်ခါသာဆုံဖူးတဲ့လူရဲ့ အင်္ကျီလေးကို မြင်လိုက်ရုံနဲ့ ရင်ထဲမှာ နွေးခနဲဖြစ်သွားတာမျိုးကြီးကတော့ မဖြစ်သင့်ဘူး မဟုတ်လား ။

သူကြောက်သည် ။ တော်တော်ကို ကြောက်ပါသည် ။ ဆယ်ကျော်သက်အရွယ် သူ့ကိုယ်သူ ဘာဆိုတာ ရိပ်မိပြီးကတည်းက တစ်နေ့ဒီလို အခြေအနေ အချိန်အခါမျိုး ရောက်လာမှာကို သူ ကြောက်နေခဲ့တာပါ ။

မဖြစ်ဘူး....မဖြစ်ဘူး.....။ ကိုယ့်စိတ်ကိုယ် ချွန်းအုပ်မှ ဖြစ်မှာ ။ ခေါင်းကို ခါယမ်းရင်း အတွေးတွေကို ရပ်တန့်ပစ်ရသည် ။

သူ ဆိုင်ထဲဝင်လာတာမြင်တော့ ကောင်တာမှာ ထိုင်နေတဲ့ ဗညားက

" အံမယ် ပေါ်လာတော်မူသေးတယ်နော် ဖိုးထင် "

" မင်းကလည်းကွာ နှစ်ရက်တည်း မလာတာကို "

" ဖုန်းတောင် လှမ်းဆက်ဖော်မရလို့ ပြောနေတာဟေ့ရောင် "

" ငါ့မမပြန်လာမယ်လို့ ပြောထားပြီးသားဆိုတော့ ငါဖုန်းမဆက်လည်း မင်းသိမယ် ထင်လို့လေကွာ "

" အောင်မာ ငါ့အပြစ်တောင် ဖြစ်တော့မယ် ပြောပုံက "

" စိတ်မဆိုးပါနဲ့ကွာ ၊ ငါ မင်းအကြိုက် cheese cake ဝယ်လာတယ်လေ ဟီးဟီးး "

" ဒါဖြင့် ပေး ၊ စားမယ် "

သူနှင့်သူ့သူငယ်ချင်း ဗညားဆိုတာ ဒီလိုပဲ ။ ဘယ်သူကမှ ကြာကြာစိတ်မဆိုးတတ် ။ ကိုးတန်းကျောင်းသားဘဝကတည်းက အတွဲညီခဲ့တဲ့ သူ့ရဲ့ တစ်ဦးတည်းသော ရင်ဖွင့်ဖော်သူငယ်ချင်း ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now